CALIDENA Monitoring Workshop to improve quality in the Sesame Value Chain 13 June, 2019, Inyalake Hotel, Yangon, Myanmar
အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် နှမ်း၏အရည်အသွေးမြှင့်တင်ရန်လိုအပ်ချက်များအား အကောင် အထည်ဖော်ဆောင်ရွက်နေသော ကဏ္ဍ(၄)ခုဖြစ်သည့် သွင်းအားစုများနှင့်ထုတ်လုပ်မှု ဆိုင်ရာလုပ်ငန်းစဉ်၊ စုစည်းဝယ်ယူခြင်းနှင့်သိုလှောင်ခြင်း၊ ဝယ်လိုအားဆိုင်ရာအခြေအနေများ၊ အရည်အသွေးဆိုင်ရာဝန်ဆောင်မှုများ နှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများအပေါ် Monitoring ပြုလုပ်၍ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ အမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာန (NSQD)၊ အမျိုးသားဓါတ်ခွဲခန်း (NAL)၊ မကွေးမြိုနယ်ရှိ နှမ်းကုန်သည်များ၊ မြန်မာသစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်သူများအသင်း၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ PTB၊ GIZ တို့မှ ကျွမ်းကျင်ပညာရှင်များ စုစုပေါင်း(၃၅)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။