(၁၀)ကြိမ်မြောက် ကမ္ဘာ့စံချိန်စံညွှန်းနေ့အခမ်းအနားကို ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်နေ့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဉီးစီး ဌာမှကြီးမှူး၍ နေပြည်တော်ရှိ M Gallary Hotel ၌ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာမျိုးသိန်းကျော်မှ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး အဆိုပါအခမ်းအနားသို့ အမျိုးသားစံချိန်စံညွှန်း ကောင်စီအဖွဲ့ဝင်များ၊ နည်းပညာဆပ်ကော်မတီ ဥက္ကဌများနှင့် အဖွဲ့ဝင်များ၊ အစိုးရ−ပုဂ္ဂလိက ကဏ္ဍများ၊အဖွဲ့အစည်းများ၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ဦးစီးဌာနများ၊ ကိုယ်စားလှယ် များနှင့်အတူ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များအသီးသီး ပါဝင်တက်ရောက်ခဲ့ကြပါသည်။
အဆိုပါကမ္ဘာ့စံချိန်စံညွှန်းနေ့အခမ်းအနားကို အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းအဖွဲ့ (International Organization for Standardization – ISO)၊ အပြည်ပြည်ဆိုင်ရာ လျှပ်စစ်နည်းပညာကော်မရှင် (International Electro technical Commission – IEC) နှင့် အပြည်ပြည်ဆိုင်ရာဆက်သွယ်ရေးသမဂ္ဂ (International Telecommunication Union-ITU) စသည့်အဖွဲ့အစည်းတို့မှ ကျွမ်းကျင်ပညာရှင် များ၏ အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းရေးဆွဲရာတွင် ပူးပေါင်းဆောင်ရွက်မှုများကို ဂုဏ်ပြုမှတ်တမ်း တင်ရန်၊ နိုင်ငံတကာ၊ ဒေသတွင်းနှင့် အမျိုးသားအဆင့်စံချိန်စံညွှန်းသတ်မှတ်ချက်များတွင် ကမ္ဘာတစ်ဝှမ်းလုံးတွင်ရှိသော စံချိန်စံညွှန်း သတ်မှတ်ခြင်းဆိုင်ရာနယ်ပယ်များမှာ တာဝန်ယူဆောင်ရွက် နေသည့် ပညာရှင်များနှင့် ကျွမ်းကျင်ပညာရှင်များ၏ ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြုရန်၊ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းများ အရေးပါပုံကို မီးမောင်းထိုးပြနိုင်ရန်၊ ကမ္ဘာ့အဆင့် နိုင်ငံများအကြား ကုန်သွယ်ရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ သိပ္ပံနှင့်နည်းပညာ ဖလှယ်မှုများနှင့် ဆန်းသစ်တီထွင်မှုများ မြှင့်တင်ရာ၌ ဤအပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများ၏ အဓိက အခန်းကဏ္ဍကို အသိအမှတ်ပြုရန်၊ စံချိန်စံညွှန်းများနှင့် ကိုက်ညီစွာထုတ်လုပ်ခြင်းဖြင့် ကုန်သွယ်မှုလွယ်ကူ အဆင်ပြေချောမွေ့စေရန်နှင့် အသိပညာပေးရန် ကျင်းပခြင်းလည်း ဖြစ်ပါတယ်။
ထို့အပြင် အမျိုးသားအဆင့် အရည်အသွေးဆိုင်ရာအခြေခံအဆောက်အအုံနှင့် ပတ်သက်၍ Panel Discussion တွင် တာဝန်ရှိသူများက အမျိုးသားအဆင့်အရည်အသွေးအ ခြေခံအဆောက် အအုံ ခိုင်မာအားကောင်းစေရေးအတွက် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ အမျိုးသားအဆင့် အရည်အသွေး ထောက်ခံချက်ပြုရေးလုပ်ငန်းစဉ်များ၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများမှထုတ်လုပ်မှုအလေ့အကျင့်သို့ ကူးပြောင်းခြင်း၊ မြန်မာနိုင်ငံရှိ ဘေးအန္တရာယ် ကင်းသောစားသောက်ကုန်များ ထုတ်လုပ်ရောင်းချနိုင်ရေး လိုအပ်သော အကြံပြုချက်များအား ဆွေးနွေး တင်ပြကြပြီး အမျိုးသားအဆင့်အရည်အသွေး ထောက်ခံချက် ပြုရေးအဖွဲ့တွင်သတ်မှတ်သုံးစွဲမည့်Logo အား Logo Competition ပြီး ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းကိုလည်းဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် အမျိုးသားစံချိန်စံညွှန်းကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်နှင့် တက်ရောက်လာသည့် ဧည့်သည်တော်များမှ အမျိုးသားအဆင့် အရည်အသွေးအခြေခံအဆောက်အအုံ ဆိုင်ရာလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ပိုစတာများ ပြသခြင်းကို လှည့်လည်ကြည့်ရှုကြပြီးအခမ်းအနားကို ရုတ်သိမ်းလိုက်သည်။
10th World Standards Day 2022