(၁၁)ကြိမ်မြောက် ကမ္ဘာ့စံချိန်စံညွှန်းနေ့အခမ်းအနားကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်နေ့တွင် နေပြည်တော်၊ ရုံးအမှတ်(၂၁)၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး အဆိုပါ အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အမျိုးသား စံချိန်စံညွှန်းကောင်စီဝင်များ၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နည်းပညာဆပ်ကော်မတီဥက္ကဌများနှင့် အတွင်းရေး မှူးများ၊ အစိုးရ−ပုဂ္ဂလိက ကဏ္ဍများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အရည်အသွေး ကိုက်ညီမှုစစ်ဆေးရေးအဖွဲ့အစည်းများ နှင့် အတူ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များအသီးသီး စုစုပေါင်း (၉၀)ကျော်ခန့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။
အဆိုပါကမ္ဘာ့စံချိန်စံညွှန်းနေ့အခမ်းအနားကို အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းအဖွဲ့ကြီး (International Organization for Standardization – ISO)၊ အပြည်ပြည်ဆိုင်ရာ လျှပ်စစ်နည်းပညာကော်မရှင် (International Electro technical Commission – IEC) နှင့် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးသမဂ္ဂ (International Telecommunication Union-ITU) စသည့်အဖွဲ့အစည်းတို့မှ ကျွမ်းကျင်ပညာရှင်များ၏ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်း ရေးဆွဲ ရာတွင် ပူးပေါင်းဆောင်ရွက်မှုများကို ဂုဏ်ပြုမှတ်တမ်းတင်ရန်၊ International Organization for Standardization (ISO) အဖွဲ့ကြီး၏ လှုပ်ရှားမှုများကို အများပြည်သူများအကြား အသိပညာဗဟုသုတများမြှင့်တင်ပေးရန်၊ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများ အရေးပါပုံကို မီးမောင်းထိုးပြနိုင်ရန်၊ ကမ္ဘာ့အဆင့် နိုင်ငံများအကြား ကုန်သွယ်ရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ သိပ္ပံနှင့်နည်းပညာဖလှယ်မှုများနှင့် ဆန်းသစ်တီထွင်မှုများကို မြှင့်တင်ရာ၌ ဤအပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများ၏ အဓိက အခန်းကဏ္ဍကို အသိအမှတ်ပြုရန်၊ စံချိန်စံညွှန်းများနှင့် ကိုက်ညီစွာထုတ်လုပ်ခြင်းဖြင့် ကုန်သွယ်မှုလွယ်ကူ အဆင်ပြေ ချောမွေ့ စေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ပြီး Panel Discussion တွင် Panelist များမှ အမျိုးသားအဆင့်အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံနှင့်ပတ်သက်၍ အမျိုးသား အဆင့် အရည်အသွေး ထောက်ခံချက် ထုတ်ပေးရေး (National Certification Body) လုပ်ငန်းစဉ်များ၊ အစားအသောက်၊ အလှကုန်၊ဆေးဝါးနှင့် ဆေးပစ္စည်းနည်းပညာ ဆပ်ကော်မတီ များမှ ချမှတ်ခဲ့သော မြန်မာစံချိန်စံညွန်းများ၊ ဓာတ်ခွဲခန်းဆိုင်ရာ အသိအမှတ်ပြုရယူခြင်းဆိုင်ရာ ကဏ္ဍများ၊ စက်မှုကုန်ထုတ်လုပ်ငန်းများတွင် Calibration ဝန်ဆောင်မှုများနှင့်ပတ်သက်သည့် သိကောင်းစရာများကို တက်ရောက်လာသူများနှင့် အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ ကြပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ Panel Discussion တွင် တက်ရောက်ဆွေးနွေးခဲ့သူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။
(၁၁)ကြိမ်မြောက် ကမ္ဘာ့စံချိန်စံညွှန်းနေ့အခမ်းအနား