(၁၂)ကြိမ်မြောက် ကမ္ဘာ့စံချိန်စံညွှန်းနေ့အခမ်းအနားကို ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်နေ့တွင် နေပြည်တော်၊ ရုံးအမှတ်(၂၁)၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာ မျိုးသိန်းကျော် မှ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး အဆိုပါ အခမ်းအနားသို့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အမျိုးသားစံချိန်စံညွှန်း ကောင်စီဝင်များ၊ နည်းပညာဆပ်ကော်မတီများမှ ဥက္ကဌများ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ အစိုးရ−ပုဂ္ဂလိက ကဏ္ဍများနှင့်အဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ MSMEs လုပ်ငန်းရှင်များ နှင့်အတူ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ အသီးသီး စုစုပေါင်း (၁၀၀)ဉီးခန့် တက်ရောက်ခဲ့ကြပါသည်။
အဆိုပါကမ္ဘာ့စံချိန်စံညွှန်းနေ့အခမ်းအနားကို အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းအဖွဲ့ကြီး (International Organization for Standardization – ISO)၊ အပြည်ပြည်ဆိုင်ရာ လျှပ်စစ်နည်းပညာကော်မရှင် (International Electro technical Commission – IEC) နှင့် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးသမဂ္ဂ (International Telecommunication Union-ITU) စသည့်အဖွဲ့အစည်းတို့မှ ကျွမ်းကျင်ပညာရှင်များ၏ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်း ရေးဆွဲ ရာတွင် ပူးပေါင်းဆောင်ရွက်မှုများကို ဂုဏ်ပြုမှတ်တမ်းတင်ရန်၊ International Organization for Standardization (ISO) အဖွဲ့ကြီး၏ လှုပ်ရှားမှုများကို အများပြည်သူများအကြား အသိပညာဗဟုသုတများမြှင့်တင်ပေးရန်၊ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများ အရေးပါပုံကို မီးမောင်းထိုးပြနိုင်ရန်၊ ကမ္ဘာ့အဆင့် နိုင်ငံများအကြား ကုန်သွယ်ရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ သိပ္ပံနှင့်နည်းပညာဖလှယ်မှုများနှင့် ဆန်းသစ်တီထွင်မှုများကို မြှင့်တင်ရာ၌ ဤအပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများ၏ အဓိက အခန်းကဏ္ဍကို အသိအမှတ်ပြုရန်၊ စံချိန်စံညွှန်းများနှင့် ကိုက်ညီစွာထုတ်လုပ်ခြင်းဖြင့် ကုန်သွယ်မှုလွယ်ကူ အဆင်ပြေ ချောမွေ့ စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ပြီး အခမ်းအနားတွင် ကမ္ဘာ့ စံချိန်စံညွှန်း အဖွဲ၏ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သည့် Sergio Mujica Video clip အား ပြသခြင်းနှင့် တက်ရောက်လာသူများနှင့်အတူ အမှတ်တရဓာတ်ပုံရိုက်ကူးခြင်းများ ပြုလုပ်ခဲ့ပါသည်။
(၁၂)ကြိမ်မြောက် ကမ္ဘာ့စံချိန်စံညွှန်းနေ့အခမ်းအနား