၂၀၂၂ခုနှစ်၊ပထမအကြိမ်မြောက် IEC အာရှပစိဖိတ် ဒေသတွင်းတွဲဖက်နိုင်ငံများအစည်းအဝေးကို အာရှပစိဖိတ်ဒေသဆိုင်ရာ Coordinatorမှ ဦးဆောင်၍ ၂၀၂၂ခုနှစ်၊ဇန်နဝါရီလ(၂၈)ရက်နေ့တွင် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပခဲ့ရာ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနလက်အောက်ရှိ စံချိန်စံညွှန်းဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ မှ တာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြပြီး အဆိုပါ အစည်းအဝေးတွင် တွဲဖက်အဖွဲ့ဝင်နိုင်ငံများဆိုင်ရာကိစ္စရပ်များ၊ IECမှဆောင်ရွက်ခဲ့သည့် ဒေသတွင်းနိုင်ငံများ နှင့်ပတ်သက်သည့် လုပ်ဆောင်မှုအခြေအနေများနှင့်အတူ ၂၀၂၂ခုနှစ်တွင် ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ စသည့်အကြောင်းအရာများကို ဒေသတွင်း အဖွဲ့ဝင်နိုင်ငံများနှင့် အာရှပစိဖိတ်ဒေသဆိုင်ရာ Coordinatorတို့အကြား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါသည်။
၂၀၂၂ခုနှစ်၊ ပထမအကြိမ် IEC အာရှပစိဖိတ် ဒေသတွင်းတွဲဖက်နိုင်ငံများအစည်းအဝေးပြုလုပ်ခြင်း