အစိုးရလုပ်ငန်းအဖွဲ့အစည်းအသီးသီးတွင် အရည်အသွးစီမံခန့်ခွဲမှုဆိုင်ရာစနစ်ဖြစ်သည့် ISO 9001ကို အထောက်အပံ့ဖြစ်စေမည့် သင်တန်းဖြစ်သော ဒုတိယအကြိမ်မြောက် ISO 9004:2018 QMS သင်တန်းကို စက်မှုဝန်ကြီးဌာနမှကမ်းလှမ်းမှုဖြင့် ၂၀၂၂ခုနှစ်၊ ဖေဖေါ်ဝါရီလ(၁)ရက်နေ့မှ (၇)ရက်နေ့အထိ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှကြီးမှူး၍ စံချိန်စံညွှန်းဖွံ့ဖြိုး တိုးတက်ရေးဌာနခွဲရှိ သင်တန်းပို့ချသူများမှ အွန်လိုင်း (Zoom Link)စနစ်ဖြင့် ဖွင့်လှစ်သင်ကြား ခဲ့ရာ စက်မှုဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများနှင့်စက်ရုံအလုပ်ရုံများမှ အရာထမ်းများ စုစုပေါင်း လူဦးရေ(၆၁)ဦး တက်ရောက်ခဲ့ကြပါသည်။
ဒုတိယအကြိမ် ISO 9004:2018 QMS သင်တန်း