သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနသည် UNIDO အထောက်အပံ့ဖြင့် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုအတွက်အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံမြှင့်တင်ရေး စီမံကိန်းပိတ်ပွဲ အခမ်းအနား အား (၂၆-၃-၂၀၁၈) ရက်နေ့တွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ် ၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနား တွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဝင်းခိုင်မိုး နှင့် UNIDO ၏ Project Manager Mrs. Dominika Katarzyna DOR-SKROBOT တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒေါက်တာဇာနည်အောင်၊ညွှန်ကြားရေးမှူး၊ အမျိုးသားစံချိန်စံညွှန်းနှင့််အရည်အသွေးဌာန၊ ဦးစိန်သောင်းဦး၊ ဒုတိယဥက္ကဌ၊ မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ ဒေါက်တာမင်းဝန် ညွှန်ကြားရေးမှူး(တာဝန်)၊ အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ရန်ကုန်) ၊ ဦးကျော်စိုး၊ အထွေထွေမန်နေဂျာ၊ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့်စမ်းသပ်မှုလုပ်ငန်းနှင့် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးစီမံခန့်ခွဲမှုစနစ်တွင် ပါဝင်ခဲ့ကြသော ကုမ္ပဏီများမှ ကိုယ်စားလှယ်များမှ စီမံကိန်းမှ ရရှိသောအကူအညီများနှင့် အကျိုးကျေးဇူးများကို ကဏ္ဍအလိုက်ထောက်ခံတင်ပြခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားတွင် အမျိုးသားစံချိန်စံညွှန်းကောင်စီအဖွဲ့ဝင်များ၊ UNIDO စီမံကိန်းကြီးကြပ်ရေး ကော်မတီဝင်များ ၊ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း၊ အစာအာဟာရသိပ္ပံနှင့် နည်းပညာအသင်းအပါအဝင် ပုဂ္ဂလိက ကဏ္ဍများမှ ကိုယ်စားလှယ်များ၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များနှင့် သုတေသနနှင့် တီထွင် ဆန်းသစ်မှုဦးစီးဌာနမှ တာဝန်ရှိသူများအပါအဝင် စုစုပေါင်း (၁၂၀)ဦးခန့် တက်ရောက်ခဲ့ ကြပါသည်။