ရန်ကုန်မြို့၊ ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန National Institute of Metrology (Myanmar) NIMM အဆောက်အဦသစ်ရှိ သင်တန်းခန်းမတွင်(၂၈.၅.၂၀၁၈) ရက်နေ့ မှ (၁.၆.၂၀၁၈) ရက်နေ့ထိ Rice Moisture Traceability System သင်တန်းဖွင့်လှစ်ကျင်းပခဲ့ပါသည်။
အဆိုပါသင်တန်းသို့ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ တိကျစွာတိုင်းတာခြင်းနည်းပညာဌာန မှ ဝန်ထမ်းများ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
သင်တန်းကို မြန်မာနိုင်ငံ၌ ဆန်စပါးတွင်အစိုဓာတ်ပါဝင်မှုတိုင်းတာသည့် ကိရိယာများ၏ မှန်ကန် တိကျမှုကို စစ်ဆေးပေးနိုင်ရေးအတွက် Rice Moisture Traceability System တစ်ခု တည်ထောင်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါသည်။
အဆိုပါသင်တန်းကို ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ အကူအညီ ဖြင့် ဂျပန်နိုင်ငံ KETT Electric Laboratory မှ ကျွမ်းကျင်ပညာရှင်များက ပို့ချသင်ကြားပေးခဲ့ခြင်းဖြစ်ပါသည်။