“စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် ပတ်သက်သည့် ဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲ” ကို (၂၀၁၉) ခုနှစ်၊ ဩဂုတ်လ၊ (၁၂)ရက်နေ့ မှ (၁၄)ရက်နေ့ အထိ ရန်ကုန်မြို့ Melia Hotel တွင်ကျင်းပခဲ့ပါသည်။
ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းခိုင်မိုးနှင့် ဂျာမနီနိုင်ငံ၊ PTB မှ ကျွမ်းကျင်ပညာရှင်နှင့် ကမ္ဘောဒီးယား၊ လာအို နှင့် မြန်မာနိုင်ငံ တို့၏ အမျိုးသားစံချိန်စံညွှန်းအဖွဲ့များမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဦးဝင်းခိုင်မိုးနှင့် Mrs Siglinde Christine Kaiser တို့မှ အဖွင့်အမှာစကားပြောကြားခဲ့ကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲအတွင်းတွင် PTB မှ ကျွမ်းကျင်ပညာရှင်မှ WTO/TBT နောက်ဆက်တွဲ(၃) အရ စံချိန်စံညွှန်းများဖွံ့ဖြိုးတိုးတက်စေခြင်း၊ စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာ အလေ့အကျင့်ကောင်းများအရ အမျိုးသားစံချိန်စံညွှန်းများ ဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် အာဆီယံနိုင်ငံများအတွင်း အမျိုးသားစံချိန်စံညွှန်းများဖွံ့ဖြိုး တိုးတက် စေရန် အတွက်အရေးကြီးသည့် ခေါင်းစဉ်များအား မျှဝေပေးခဲ့ပြီး တက်ရောက်လာသူများမှ အုပ်စုဖွဲ့ ဆွေးနွေးခြင်းအနေဖြင့် အမျိုးသားစံချိန်စံညွှန်းများကို WTO/TBT နှင့် ISO တို့၏စည်းမျဉ်း စည်းကမ်း(၉)ခုအရ ကိုက်ညီစွာအကောင်အထည်ဖော်နိုင်ခြင်းဖြင့် စံချိန်စံညွှန်းသတ်မှတ်ခြင်း ဧရိယာတွင် ဗဟုသုတများနှင့် ကျွမ်းကျင်မှုများကို ထောက်ပံ့ပေးရန်ဆွေးနွေးခဲ့ကြပါသည်။