သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနနှင့်PTB တို့၏ပူးပေါင်းစီစဉ်ဆောင်ရွက်မှုဖြင့် Strengthening Quality Infrastructure အား အကောင်အထည်ဖော်နိုင်ရန်အတွက် Calidena Moderator Training in Myanmar သင်တန်းကို ၂၀၂၀ခုနှစ် မတ်လ(၄)ရက်နေ့မှ (၆)ရက်နေ့အထိ ရန်ကုန်မြို့ရှိ Reno Hotel ၌ ကျင်းပခဲ့ရာ အမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ GIZ SAFI နှင့် MySAP Projectမှ ကိုယ်စားလှယ်များအပါအဝင် World Bank Group မှ တာဝန်ရှိပုဂ္ဂိုလ်များ စုစုပေါင်း (၂၀)ဦးခန့်တက်ရောက်ခဲ့ကြပါသည်။ အဆိုပါသင်တန်းမှ ထုတ်ကုန်ကဏ္ဍ (ဉပမာ-ငရုတ်သီး) အရည်အသွေးကိုက်ညီမှု အစီအစဉ်များ အကောင်အထည်ဖော် လုပ်ဆောင်နိုင်မည့် National level moderators များ မွေးထုတ်ခြင်းဖြင့် သက်ဆိုင်ရာ တန်ဖိုးမြှင့် ကွင်းဆက်တစ်လျှောက်ရှိ အရည်အသွေးနှင့် အစားအသောက်ဘေးကင်းလုံခြုံမှဆိုင်ရာ စံချိန်စံညွှန်း များနှင့် ကိုက်ညီစွာ သုံးစွဲနိုင်ရေးအတွက် စားသုံးသူများနှင့်ဆက်စပ်အဖွဲ့အစည်းများသို့ အသိပညာများ ဖြန့်ဝေပေးနိုင်မည်ဖြစ်ပြီး ပို့ကုန်ကဏ္ဍ နှင့်ပတ်သက်သည့် ဈေးကွက်အသစ်များကို ရှာဖွေဖော်ထုတ်ပေးနိုင်ရန် ရည်ရွယ်ချက်များဖြင့် ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်ပါသည်။