၂၀၂၀ခုနှစ်၊မတ်လ (၁၃)ရက်နေ့တွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဉီးစီးဌာန၌ ကုန်ပစ္စည်းဆိုင်ရာ သဘောတူညီမှုများမှ အာဆီယံကုန်သွယ်မှုကို အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် အစည်းအဝေးအား ITC’s Expert, Mr. Paolo Veragano, Dr. Tobias Dolle, National Consultant Ms. Naw Tsai Blut Moo နှင့် အမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာနမှ တာ၀န်ရှိ၌ပုဂ္ဂိုလ်များနှင့််ဆွေးနွေးခဲ့ကြပြီး ကုန်သွယ်မှုတွင် နည်းပညာဆိုင်ရာ အတားအဆီးများနှင့် ကုန်သွယ်မှုချောမွေ့လွယ်ကူစေရေးကဲ့သို့သော ကုန်သွယ်မှုနှင့်သက်ဆိုင်သည့် နယ်ပယ်များတွင် (ATIGA)၏ လိုအပ်ချက်များကို ဖြည့်ဆည်းအကောင်အထည်ဖော်နိုင်မှုအတွက် မြန်မာနိုင်ငံ၏ ဆောင်ရွက်နိုင်မှု အခြေအနေများကို ဆွေးနွေးနိုင်ရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ပါသည်။