(၃၃)ကြိမ်မြောက်အာဆီယံစံချိန်စံညွှန်းနှင့်အရည်အသွေးဆိုင်ရာအတိုင်ပင်ခံကော်မတီ၏ ဥပဒေအရတိကျစွာ တိုင်းတာခြင်းနည်းပညာဆိုင်လုပ်ငန်းအဖွဲ့(၃) အစည်းအဝေးပွဲ ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ(၂၂) ရက်နေ့တွင် မလေးရှားမှ Video Conference (online) ဖြင့် ကြီးမှူးကျင်းပခဲ့ပြီး မိတ်ဖက်အဖွဲ့အစည်းဖြစ်သော PTBနှင့်လည်းအစည်းအဝေးပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးများသို့ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အမျိုးသားစံချိန်စံညွှန်းနှင့် အရည်အသွေးဌာန၊ တိကျစွာတိုင်းတာခြင်းနည်းပညာ သိပ္ပံ(မြန်မာ)မှ ညွှန်ကြားရေးမှူး နှင့် သက်ဆိုင်ရာဌာနမှူးများ တက်ရောက် ဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးတွင် အာဆီယံနိုင်ငံများဖြစ်သော ဘရူနိုင်းဒါရူဆလမ်။ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ် ရုံးမှတာဝန်ရှိသူများ၊PTB မှ ကိုယ်စားလှယ်များ၊ တက်ရောက်ခဲ့ ကြပါသည်။
အစည်းအဝေးတွင်-
- OIML R117 အပေါ် အခြေခံ၍ လောင်စာဆီဖြန့်ဖြူးခြင်းဆိုင်ရာစက်များအတွက် တိုက်ဆိုင် စစ်ဆေးခြင်း လမ်းညွှန်ချက် များကို သဘောတူညီချက်ရရှိနိုင်ရေးအောင်ဆွေးနွေးခြင်း
- ကြိုတင်ထုတ်ပိုးကုန် လိုအပ်ချက်များကို သဘောတူညီချက်ရရှိအောင်ဆွေးနွေးခြင်း
- Flow meter တိုက်ဆိုင်စစ်ဆေးခြင်းဆိုင်ရာအာဆီယံ လမ်းညွှန်ချက်များကို သဘောတူညီ ချက် ရရှိနိုင်ရေးဆွေးနွေးခြင်း
- PTB နှင့် ပူပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြပါသည်။