သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန(DRI)နှင့်PTB(Germany)တို့အကြားပူးပေါင်းဆောင် ရွက်လျှက်ရှိသည့် “Strengthening Quality Infrastructure in Myanmar” စီမံကိန်းလုပ်ငန်းကြီးကြပ်မှုကော်မတီ (Steering Committee) ၏ နဝမအကြိမ်အစည်းအဝေးကို ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ(၃)ရက်နေ့တွင် virtual meeting စနစ်ဖြင့် onlineမှကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးတွင် အမျိုးသားအရည်အသွေးဆိုင်ရာအခြေခံအဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် DRIနှင့်PTB အကြားစီမံကိန်းသက်တမ်းတိုးမြှင့်ရေး၊အမျိုးသားအဆင့် အရည်အသွေးမူဝါဒ တိုးတက်ရေးနှင့်အသုံးချနိုင်ရေး၊ အရည်အသွေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအပြင် အသိအမှတ်ပြုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက် ရေး အစီအစဉ်များကို DRIမှအရာရှိဝန်ထမ်းများအပါအဝင် သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များက PTB(Germany)တို့နှင့် ကျယ်ပြန့်စွာ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါသည်။