PTBနှင့်DRIတို့အကြားပူးပေါင်းဆောင်ရွက်နေသည့် ” Strengthening Quality Infrastructure in Myanmar” စီမံကိန်းအရ E-Training များကျင်းပပြုလုပ်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တစ်ရပ်ကို ၂၀၂၀ပြည့်နှစ်၊ဒီဇင်ဘာလ(၈)ရက်နေ့တွင် online စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးသို့ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဉီးစီးဌာနမှ အမျိုးသားစံချိန်စံညွှန်းနှင့် အရည်အသွေးဌာန၊ အမျိုးသားဓာတ်ခွဲခန်း၊ PTBမှစေ့စပ်ညှိနှိုင်းရေးမှူးနှင့်အတူ PTBမှ ကျွမ်းကျင် ပညာရှင်များ တက်ရောက်ခဲ့ကြပြီး E-Training အစီအစဉ်များ ရေးဆွဲခြင်း၊ ဓာတ်ခွဲခန်းနှင့် ပတ်သက်သည့်သင်တန်းပြင်ဆင်မှုများ၊ CALIDENA အတွက် ပြင်ဆင်ဆောင်ရွက်ပုံများ အပါအဝင် သင်တန်းများတွင် သက်ဆိုင်ရာနယ်ပယ်မှပုဂ္ဂိုလ်များ ပါဝင်ခွင့်ရရှိနိုင်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပါသည်။