အာဆီယံ-သြစတြေးလျ လွတ်လပ်သောကုန်သွယ်မှုဒေသ ထူထောင်နိုင်ရန်အတွက် အလုပ်ရုံ ဆွေးနွေးပွဲ(၂)၊ အာဆီယံ-သြစတြေးလျ ဒီဂျစ်တယ် ကုန်သွယ်ရေးဆိုင်ရာ စံချိန်စံညွှန်းများ ချမှတ်နိုင်ရေး နှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့်ပတ်သက်သော ဆွေးနွေးပွဲကို video conferencing စနစ်ဖြင့် ဇွန်လ(၂၃)ရက်၊၂၀၂၁ခုနှစ်တွင် ကျင်းပခဲ့ရာ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ အမျိုးသား စံချိန်စံညွှန်းနှင့်အရည်အသွေးဌာန၊ကုန်သွယ်ရေးဉီးစီးဌာနနှင့် မြန်မာနိုင်ငံကွန်ပျူတာဖက်ဒရေးရှင်းတို့မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ဒီဂျစ်တယ် ကုန်သွယ်ရေး ဆိုင်ရာ စံချိန်စံညွှန်းများ၏ အရေးပါပုံ၊ နိုင်ငံတကာတွင် ဒီဂျစ်တယ် ကုန်သွယ်ရေးဆိုင်ရာ စံချိန်စံညွှန်းများနှင့်ပတ်သက်သည့် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ၊ ဒီဂျစ်တယ် ကုန်သွယ်ရေးဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲမှု အခန်းကဏ္ဍတွင် နိုင်ငံတကာစံချိန်စံညွှန်းအဖွဲ့အစည်းများနှင့် ပါဝင်ဆောင်ရွက် နိုင်မည့် အခြေအနေများ စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။
A Deeper Dive into Digital Trade Standards(DTS)-Workshop 2