အာဆီယံ-သြစတြေးလျ လွတ်လပ်သောကုန်သွယ်မှုဒေသ ထူထောင်နိုင်ရန်အတွက် အလုပ်ရုံ ဆွေးနွေးပွဲ(၄)ဖြစ်သည့် အမျိုးသားစံချိန်စံညွှန်းဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကို video conferencing စနစ်ဖြင့် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ(၁၅)ရက်နေ့တွင် ကျင်းပခဲ့ရာ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ အမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များမှ အမျိုးသားစံချိန်စံညွှန်းဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ အာဆီယံဒေသတွင်းနိုင်ငံများမှ စံချိန်စံညွှန်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေများအပါအဝင် ဥရောပနိုင်ငံများတွင် နိုင်ငံတကာစံချိန်စံညွှန်းဆိုင်ရာ အလေ့အကျင့်များနှင့် အညီ ပြုလုပ်ဆောင်ရွက်နေပုံများကိုပါ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြပါသည်။
Outreach & Distribution – DTS Workshop 4