“Accreditation of Product Certification Bodies with an overview on ISO/IEC 17065:2012 Standard” webinar ကို National Accreditation Board for Certification Bodies (NABCB) မှ ကြီးမှူး၍ ၂၀၂၂ခုနှစ်၊ဖေဖေါ်ဝါရီလ(၂၈)ရက်နေ့တွင် Microsoft teams Link ဖြင့် ကျင်းပခဲ့ရာ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အမျိုးသားစံချိန်စံညွှန်းနှင့် အရည်အသွေးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး အဆိုပါ (NABCB) ကျွမ်းကျင် ပညာရှင်များမှ NABCBနှင့် ၎င်း၏အသိအမှတ်ပြုဆိုင်ရာလုပ်ငန်းစဉ်များ၊ ထုတ်ကုန်၊ထုတ်လုပ်မှု နည်းစဉ်နှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် ISO/IEC 17065:2012 စံချိန်စံညွှန်းတွင်ပါဝင်သည့် အဓိကလိုအပ်ချက်များနှင့် ထုတ်ကုန်ထောက်ခံချက်ပြုလုပ်ခြင်းဆိုင်ရာပုံစံများတွင် လိုအပ်သည့် အချက်အလက်များနှင့်လမ်းညွှန်ချက်များအပါအဝင် ISO/IEC 17065:2012အောက်တွင် ပြုလုပ် နိုင်မည့် ပြည်တွင်းနှင့်နိုင်ငံတကာသုံး ထောက်ခံချက်ပြုလုပ်နိုင်သည့် ပုံစံများနှင့်ပတ်သက်သည့် အသိပညာပေးဆွေးနွေးခြင်းများကိုပါ တက်ရောက်လာသူများနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ခဲ့ကြပါသည်။
Accreditation of Product Certification Bodies with an overview on ISO/IEC 17065:2012 Standard Webinar (28 February 2022)