အမျိုးသားအဆင့်ပို့ကုန်မဟာဗျူဟာ၏ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ အစည်းအဝေးကို ၂၀၂၂ခုနှစ်၊ မေလ(၉)ရက်နေ့တွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဉီးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ ဉက္ကဋ္ဌဖြစ်သည့် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်ခဲ့သည့် သက်ဆိုင်ရာဌာနများနှင့် အသင်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ဉီးဆောင်ဉီးရွက် ပြုလုပ်မည့် အဖွဲ့အစည်း၊ ဌာနများ၏ လုပ်ဆောင်ချက်များ Plan of Action (PoAs) ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို သိရှိနိုင်ရန်၊ တွဲဖက် ဉီးဆောင်ဉီးရွက်ပြုလုပ်မည့် အဖွဲ့အစည်းများ နှင့်ဌာနများ ထည့်သွင်းဖွဲ့စည်းရန်၊ အထောက်အကူပြု မိတ်ဖက်အဖွဲ့အစည်း များ လိုအပ်သလို ဖြည့်စွက် ဖွဲ့စည်းဆောင်ရွက်နိုင်ရန်နှင့် လုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ သတ်မှတ်အချိန်ကာလ (Time Line) ကို ပြင်ဆင် ဆောင်ရွက် နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး အဆိုပါအစည်းအဝေးသို့ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဉီးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ သက်ဆိုင်ရာဌာနအသီးသီးမှ အရာရှိများ၊ UMFCCI အပါအဝင် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ စုစုပေါင်းလူဉီးရေ(၂၅)ဉီးခန့် တက်ရောက်ခဲ့ကြပါသည်။
National Export Strategy (NES) Quality Management Meeting (9 May 2022)