၂၀၂၂ခုနှစ်၊မေလ(၂၅)ရက်နေ့တွင် ISO Regional Coordinator မှကြီးမှူး၍ ISO Asia – Pacific Monthly Forum ကို virtual စနစ်ဖြင့်ကျင်းပခဲ့ရာ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ စံချိန်စံညွှန်းဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီများဖြစ်သည့် တိုင်းရင်းဆေး စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာ ဆပ်ကော်မတီနှင့် ဘွိုင်လာစံချိန်စံညွှန်းရေးဆွဲရေးနည်းပညာဆပ်ကော်မတီမှ ကိုယ်စားလှယ် များ စုစုပေါင်း (၇)ဦးခန့်တက်ရောက်ခဲ့ကြပြီး အဆိုပါ ဖိုရမ်တွင် ISOနှင့် သက်ဆိုင်ရာနိုင်ငံများမှ ပညာရှင်များက ISO ဝက်ဆိုဒ်တွင် Online Standards Development Platform (OSD) အသုံးပြုပုံများ၊ ISO Strategy 2030 အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိပုံ အခြေအနေများနှင့် Standards Australia မှ စံချိန်စံညွှန်းနှင့်ပတ်သက်သည့် customer engagement လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေအရပ်ရပ်ကို တက်ရောက်လာသူများသို့ ဆွေးနွေးခဲ့ကြပါသည်။
ISO Asia Pacific Monthly Forum (25 May 2022)