ဇွန်လ အတွက် အာရှပစိဖိတ် Monthly Forumကို အာရှပစိဖိတ် ISO Coordinator မှကြီးမှူး၍ ၂၀၂၂ခုနှစ်၊ ဇွန်လ(၂၃)ရက်နေ့တွင် အွန်လိုင်းစနစ်ဖြင့်ကျင်းပခဲ့ရာ အဆိုပါ Forum သို့ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ စံချိန်စံညွှန်းဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ တာဝန်ရှိသူ များနှင့် စက်မှုနည်းပညာ စံချိန်စံညွှန်းရေးဆွဲရေးနည်းပညာဆပ်ကော်မတီမှ အဖွဲ့ဝင်(၁)ဦး အသီးသီးတက်ရောက်ခဲ့ကြပြီး ISOမှ ကျွမ်းကျင်ပညာရှင်များက မကြာမီပြုလုပ်မည့် ISO Annual Meeting သတင်းနှင့်အတူ ISOမှ ပြုလုပ်ဆောင်ရွက်နေသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ (e.g ISO Climate Action)နှင့် စံချိန်စံညွှန်းအသုံးပြုခြင်း၏ အကျိုးကျေးဇူးများအပြင် အမျိုးသားစံချိန်စံညွှန်းအဖွဲ့ (ဩစတြေးလျ)မှ ပညာရှင်က ဆောက်လုပ်ရေးလုပ်ငန်းများတွင် စံချိန်စံညွှန်းအသုံးချမှု၏ အကျိုးသက်ရောက်မှုများနှင့် ပတ်သက်သည့် သုတေသနစာတမ်းကို တက်ရောက်လာသူများအား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပေးခဲ့ပါသည်။
Asia Pacific Monthly Forum (23 June 2022)