၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၂၁)ရက်နေ့တွင် ISO Regional Coordinator မှကြီးမှူး၍ ISO Asia – Pacific Monthly Forum ကို virtual စနစ်ဖြင့်ကျင်းပခဲ့ရာ သုတေသနနှင့်တီထွင် ဆန်းသစ်မှုဦးစီးဌာန၊ စံချိန်စံညွှန်းဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့်အတူ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီများဖြစ်သည့် ရာဘာအခြေခံထုတ်ကုန် စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီနှင့် စီမံခန့်ခွဲမှုစံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီမှ ကိုယ်စားလှယ်များ စုစုပေါင်း (၈)ဦးခန့်တက်ရောက်ခဲ့ကြပြီး အဆိုပါ ဖိုရမ်တွင် ISOမှ ပညာရှင်များက ISO Annual Meeting 2022အတွက် အသုံးပြုမည့် Event platform နှင့် Event Formatsများ ၊ National Standardization Strategy ရေးဆွဲရန် အရေးပါပုံနှင့်လိုအပ်ချက်များအပြင် National Standards Bureau (Bhutan) မှ National Standardization Strategy ရေးဆွဲခဲ့သည့် အတွေ့အကြုံများနှင့်အတူ priority sector များအလိုက် ဆက်လက်လုပ်ဆောင်မည့် အစီအစဉ်များကို တက်ရောက်လာသူများသို့ ဆွေးနွေး ခဲ့ကြပါသည်။
ISO Asia Pacific Monthly Forum (21 July 2022)