၂၀၂၂ခုနှစ်၊ ဩဂုတ်လ(၁၆)ရက်နေ့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ပူးပေါင်း၍ အမျိုးသားအဆင့်အရည်အသွေးအခြေခံ အဆောက်အအုံ ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင် ကျင်းပခဲ့ပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ ဥက္ကဌ ဦးဇော်မင်းဝင်းတို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အဆိုပါဆွေးနွေးပွဲတွင် အမျိုးသားအဆင့်အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံစနစ် ခိုင်မာ အားကောင်းစေရေးနှင့် အမျိုးသားအရည်အသွေးဆိုင်ရာ အခြေခံ အဆောက်အအုံ၏ အရေးပါပုံများကို အများပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် နားလည်သိမြင်နိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များက အမျိုးသားအရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံစနစ်၏ အကောင်အထည်ဖော်မှု အခြေအနေများနှင့် အမျိုးသားအဆင့်အရည်အသွေးထောက်ခံချက်လုပ်ငန်းစဉ်များ၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ ပြည်တွင်း/ပြည်ပ လျှပ်စစ်ပစ္စည်း ကိရိယာများ စစ်ဆေးနိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံရှိ ဓါတ်ခွဲခန်းများ စွမ်းဆောင်ရည် မြင့်မားရေးအတွက် ဆောင်ရွက်မှုများ၊ ဘေးအန္တရာယ်ကင်းသော စားသောက်ကုန်များ ထုတ်လုပ်ရောင်းချနိုင်ရေး လိုအပ်ချက်များနှင့် မြန်မာနိုင်ငံသစ်တော ထောက်ခံချက်ပြုရေး လုပ်ငန်းစဉ်များကို တက်ရောက်လာသူများနှင့် အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပြီး အသိပညာပေးဆွေးနွေးပွဲသို့ သက်ဆိုင်ရာဝန်ကြီးဌာန၊ ဦးစီးဌာနများမှ ကိုယ်စားလှယ် များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း(၁၃၅)ဦး တက်ရောက်ခဲ့ ကြပါသည်။
အမျိုးသားအဆင့်အရည်အသွေးအခြေခံအဆောက်အအုံဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ