၂၀၂၂ ခုနှစ် ISO နှစ်ပတ်လည်အစည်းအဝေးပွဲကို စက်တင်ဘာလ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ United Arab Emirates(UAE) နိုင်ငံ၊ Abu Dhabi မြို့တွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးအား United Arab Emirates(UAE) ၏ ISO အဖွဲ့ဝင်ဖြစ်သော စက်မှုနှင့် အဆင့်မြင့်နည်းပညာဝန်ကြီးဌာန သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ကြီးမှူး ကျင်းပပြုလုပ်ပေးခဲ့ပါသည်။ စုစုပေါင်း လူဦးရေ(၅၀၀၀)ကျော် ပါဝင် တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင် ဆန်းသစ်မှုဉီးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်း တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ ISO ဆိုင်ရာ လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးတွင် ယနေ့ အရေးအကြီးဆုံး ကမ္ဘာ့ စိန်ခေါ်မှုများနှင့် နည်းပညာ တိုးတက်မှုများ၊ စံချိန်စံညွှန်းများ၏ အလားအလာကို ကောင်းသော ပြောင်းလဲမှု၏ အရှိန်မြှင့်စက်များအဖြစ် နားလည်ခြင်း၊ ISO သည် စျေးကွက်စိန်ခေါ်မှုများကို ဖြေကြားရန် ယန္တရားတစ်ခုအနေဖြင့် စျေးကွက်ရှာဖွေခြင်း/ ဖြန့်ဖြူးခြင်း/ မြှင့်တင်ခြင်းအား မည်ကဲ့သို့ လွှမ်းမိုးနိုင်မည်နည်း စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါသည်။
ISO Annual Meeting 2022 on 19-23 September 2022 in Abu Dhabi, United Arab Emirates(UAE)