အမျိုးသားစံချိန်စံညွှန်းကောင်စီအစည်းအဝေး (၂/၂၀၂၂)ကို M GALLERY ဟိုတယ် နေပြည်တော်၌ ကျင်းပခဲ့ရာ အမျိုးသားစံချိန်စံညွှန်းကောင်စီဝင်များ အသီးသီး တက်ရောက် ခဲ့ကြပြီး အဆိုပါအစည်းအဝေးသို့ အမျိုးသားစံချိန်စံညွှန်းကောင်စီ၏ ဥက္ကဋ္ဌဖြစ်သော သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် တက်ရောက်၍ အဖွင့် အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးသို့ အမျိုးသားစံချိန်စံညွှန်းကောင်စီဝင်များ၊ အမြဲတမ်း အတွင်းဝန်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ သုတေသနနှင့်တီထွင် ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးဉီးစီးဌာနနှင့် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာမှ တာဝန်ရှိပုဂ္ဂိုလ်များ အသီးသီးတက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် ကောင်စီဝင်များထံသို့ အသေးစိတ်ဖြန့်ဝေထားသည့် အတည်ပြု ဆုံးဖြတ်ရန်အချက်များဖြစ်သည့် မြန်မာစံချိန်စံညွှန်း(၅၈)ခု အားအတည်ပြုခြင်း၊ နည်းပညာ ဆပ်ကော်မတီများ update ပြုလုပ်ခြင်းနှင့် အမျိုးသားအဆင့် အရည်အသွေးထောက်ခံချက် ပြုရေးအဖွဲ့တည်ထောင်ရန် အတည်ပြုခြင်းတို့အား ပြုလုပ်ခဲ့ကြပါသည်။
National Standards Council Meeting (2/2022)