အမျိုးသားစံချိန်စံညွှန်းသတ်မှတ်ခြင်းလမ်းညွှန် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ASEAN Capicity Building အလုပ်ရုံ ဆွေးနွေးပွဲကို နိုဝင်ဘာ (၁) ရက်နေ့မှ (၃) ရက်နေ့အထိ နှင့် နိုဝင်ဘာ (၇) ရက်နေ့မှ (၉) ရက်နေ့အထိ ZOOM Link ဖြင့်ကျင်းပခဲ့ရာ ဗီယက်နမ်နှင့် ဘရူနိုင်းနိုင်ငံများမှ ကိုယ်စားလှယ်များ၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ စံချိန်စံညွှန်းဖွံ့ဖြိုးတိုးတက်ရေး ဌာနခွဲမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲပထမနေ့တွင် Ms. Chong Susan မှ စံသတ်မှတ်ရေးလမ်းညွှန်နှင့်ဆက်စပ်၍ ခြုံငုံသုံးသပ်ချက်ကို ရှင်းလင်းပို့ချခဲ့ပါသည်။ ထို့နောက် နိုင်ငံအသီးသီး၏ ကိုယ်စားလှယ်တစ်ဉီးစီမှ မိမိတို့နိုင်ငံတွင် စံချိန်စံညွှန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများအား တင်ပြ ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲ ဒုတိယနေ့တွင် အုပ်စုလိုက်လေ့ကျင့်ခန်း(၁)ဖြစ်သော “One Key industry sector in Myanmar in the next 3 years” အား နိုင်ငံအသီးသီး၏ ကိုယ်စားလှယ်တစ်ဉီးစီမှ တင်ပြဆွေးနွေး ခဲ့ကြပါသည်။ ထို့နောက် Ms. Chong Susan မှ “ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်း”နှင့် ဆက်စပ်၍ အသေးစိတ် ရှင်းလင်းပို့ချခဲ့ပါသည်။ ဆွေးနွေးပွဲတတိယနေ့တွင် အုပ်စုလိုက် လေ့ကျင့်ခန်း(၂)ဖြစ်သော “What advice can you provide to the proposer for a representative list of stakeholders and for the benefits to be indicated in the proposal?” အား နိုင်ငံအသီးသီး၏ ကိုယ်စားလှယ်တစ်ဉီးစီမှ တင်ပြဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် Ms. Chong Susan မှ Standards Development Process နှင့် စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းပို့ချခဲ့ပါသည်။ ဆွေးနွေးပွဲ စတုတ္ထနေ့တွင် အုပ်စုလိုက် လေ့ကျင့်ခန်း(၃) ဖြစ်သော “Managing challenging committee members” အား နိုင်ငံအသီးသီး၏ ကိုယ်စားလှယ်တစ်ဉီးစီမှ တင်ပြဆွေးနွေး ခဲ့ကြပါသည်။ ထို့နောက် Ms. Chong Susan မှ “Leading and managing a Meeting” ဆိုင်ရာများအား အသေးစိတ် ဆွေးနွေးပို့ချခဲ့ပါသည်။ ဆွေးနွေးပွဲ ပဉ္စမနေ့တွင် အုပ်စုလိုက်လေ့ကျင့်ခန်း(၄)ဖြစ်သော “New TC plans to develop various standards for tourists to visit both natural and cultural attractions that can be reached only by the main rivers in the country” နှင့် ဆက်စပ်၍ နိုင်ငံအသီးသီး၏ ကိုယ်စားလှယ်တစ်ဉီးစီမှ တင်ပြဆွေးနွေး ခဲ့ကြပါသည်။ ၎င်းနောက် Ms. Chong Susan မှ “Standards Development Process” ခေါင်းစဉ်နှင့် စပ်လျဉ်း၍ “Adopting and Referencing International Standards” အကြောင်းအား အသေးစိတ် ရှင်းလင်းပို့ချခဲ့ပါသည်။ ဆွေးနွေးပွဲ ဆဋ္ဌမနေ့တွင် “Standards Development Process” များမှ “Governance” နှင့် ဆက်စပ်သည်များအား အသေးစိတ် ရှင်းလင်းပို့ချခဲ့ပြီး ဆွေးနွေးပွဲအား ရပ်နားခဲ့ပါသည်။
ASEAN Capicity Building Workshop on the Development of National Standardisation Guide