၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ(၁၂)ရက်နေ့တွင် အစည်းအဝေးကို onlineစနစ်ဖြင့် ကျင်းပခဲ့ရာ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ အမျိုးသားစံချိန်စံညွှန်းနှင့် အရည် အသွေးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး DRI နှင့် ISO အကြား ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်မည့် စံချိန်စံညွှန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များအား ISO ဒေသဆိုင်ရာတာဝန်ခံ Ike permata sari နှင့် ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ အစည်းအဝေးတွင် ကျား၊ မ တန်းတူညီမှုရှိရေး လှုပ်ရှားမှုအစီအစဉ်နှင့် စပ်လျဉ်း၍ အမျိုးသား ရေးဆိုင်ရာ ကျား၊ မ တန်းတူညီမှုရှိရေး လှုပ်ရှားမှု အစီအစဉ် National Gender Action Plan (GAP) ရေးဆွဲမည့်အကြောင်းအရာနှင့် စပ်လျဉ်း၍ လည်းကောင်း၊ အသင်ဝင်အဆင့် မြှင့်တင်ရေးကိစ္စနှင့် စပ်လျဉ်း၍လည်းကောင်း၊ ISO Action Plan for Developing Countries(2021-2025) အရ Capacity Building program များတွင် ပါဝင်ဆောင်ရွက် ရန်ကိစ္စများအားလည်းကောင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြရာ လာမည့် ဒီဇင်ဘာလပတ်ဆွေးနွေးပွဲတွင် တင်ပြရန် အကြံပြုပြောကြားခဲ့ပါသည်။
DRI and ISO Bilateral Discussion