အာရှပစိဖိတ် Monthly Forumကို အာရှပစိဖိတ် ISO Coordinator မှကြီးမှူး၍ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ(၂၀)ရက်နေ့တွင် ZOOM Link ဖြင့်ကျင်းပခဲ့ရာ အဆိုပါ Webinar သို့ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ စံချိန်စံညွှန်းဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည့်အပြင် မွေးမြူရေးနှင့်ရေထွက်ပစ္စည်းစံချိန်စံညွှန်းရေးဆွဲရေးနည်းပညာ ဆပ်ကော်မတီနှင့် ပတ်ဝန်းကျင်အရည်အသွေးစံချိန်စံညွှန်းရေးဆွဲရေးနည်းပညာဆပ်ကော်မတီတို့မှ အဖွဲ့ဝင်(၂)ဦးစီ အသီးသီးတက်ရောက်ခဲ့ကြပြီး GCC accreditation center မှ ကျွမ်းကျင် ပညာရှင်က အရည်အသွေးအခြေခံအဆောက်အအုံအပေါ် ပြန်လည်ဆန်းသစ်ခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ ISO ကျွမ်းကျင်ပညာရှင်များက National Climate Champions Network နှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ISO secretary-General က ၂၀၂၂ ခုနှစ်အတွင်း ပြီးစီးခဲ့သော လုပ်ငန်းများနှင့် စပ်လျဉ်း၍ နှစ်ကုန်မှတ်ချက် ပြုလုပ်ခဲ့ကြပြီး Asia and the Pacific မှ ဒေသဆိုင်ရာညှိနှိုင်းရေးမှူးက next forum အကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။
Asia Pacific Monthly Forum (20 December 2022)