(၄၉)ကြိမ်မြောက် အာဆီယံစံချိန်စံညွှန်းနှင့် အရည်အသွေးဆိုင်ရာအတိုင်ပင်ခံကော်မတီ လက်အောက်ရှိ လုပ်ငန်းအဖွဲ့(၁) စံချိန်စံညွှန်းရေးဆွဲသတ်မှတ်ခြင်းဆိုင်ရာ အစည်းအဝေးကို ၂၀၂၃ခုနှစ်၊ မေလ(၁၁) ရက်နေ့မှ (၁၂)ရက်နေ့အထိ အာဆီယံအတွင်းရေးမှူးမှကြီးမှူး၍ ဖိလစ်ပိုင်နိုင်ငံ၊Boracay ကမ်းခြေတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် အာဆီယံနိုင်ငံများဖြစ်သော ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အာဆီယံဆွေးနွေးဖက် အဖွဲ့အစည်းများဖြစ်သည့် EU ARISE PlUS ၊ IEC ၊ Japan(METI)နှင့် (PTB-Germany)တို့မှ ပါဝင်ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံကိုယ်စားလှယ် အနေဖြင့် အမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာန၊ စံချိန်စံညွှန်းဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ တာဝန်ခံ၊ ညွှန်ကြားရေးမှူးမှ တက်ရောက်ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင်
· (၄၈)ကြိမ်မြောက်အစည်းအဝေးမှလုပ်ဆောင်ခဲ့သည့်အချက်များကိုပြန်လည်ဆွေးနွေးတင်ပြခြင်း
· အာဆီယံဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးအတည်ပြုခြင်း
· အာဆီယံထုတ်ကုန်လုပ်ငန်းအဖွဲ့များမှ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများ တစ်ပြေးညီ ချမှတ်နိုင်ရန်အတွက် ဆွေးနွေးခြင်း
· ACCSQ မှသတ်မှတ်မည့် နယ်ပယ်အသစ်များအတွက် စံချိန်စံညွှန်းများ တစ်ပြေးညီချမှတ်နိုင်ရန် ဆွေးနွေးခြင်း
· အာဆီယံနှင့်ဆွေးနွေးဖက်အဖွဲ့အစည်းများ ဆွေးနွေးခြင်း
(၄၉)ကြိမ်မြောက် အာဆီယံစံချိန်စံညွှန်းနှင့် အရည်အသွေး ဆိုင်ရာ အတိုင်ပင်ခံကော်မတီ လက်အောက်ရှိ လုပ်ငန်းအဖွဲ့(၁) စံချိန်စံညွှန်းရေးဆွဲသတ်မှတ်ခြင်းဆိုင်ရာ အစည်းအဝေး (၂၀၂၃ခုနှစ်၊မေလ ၁၁-၁၂ရက်)