သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊သုတေသနနှင့်တီထွင်ဆန်းသစ်မှုဉီးစီးဌာနမှ ကြီးမှူးကျင်းပသော တတိယအကြိမ်မြောက် “Workshop on Conformity Assessment-Requirements for bodies certifying products, processes and services (ISO/IEC 17065:2012) for Myanmar” အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၃ခုနှစ်၊မေလ (၁၅-၁၆) ရက်နေ့အထိ ရန်ကုန်မြို့၊ Mercure ဟိုတယ်တွင် ကျင်းပခဲ့ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျမှ တက်ရောက်၍ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲတွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ AHKFTA ECOTECH Work Programme: Project Overview နှင့်စပ်လျဉ်း၍ လည်းကောင်း၊ ASEAN EEE MRA and AHEEERR Need for Accreditation Bodies အား Project Team နှင့် Expert Mr. Ong Yeok Siew @ Micheal Ong မှ လည်းကောင်း၊ AHKFTA ECOTECH Work Programme Outputs များအား စံချိန်စံညွှန်း ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ၊ညွှန်ကြားရေးမှူး မှလည်းကောင်း၊ Objective/Outcome and Outputs များ၊ accreditation scope ချဲ့ထွင်ခြင်းအား အသိအမှတ်ပြု ဌာနခွဲ၊ ညွှန်ကြားရေးမှူးမှလည်းကောင်း၊ Model CB နှင့် စပ်လျဉ်း၍ အမျိုးသား စံချိန်စံညွှန်း နှင့်အရည်အသွေးဌာန၊မှ လည်းကောင်း၊ Electrical Inspection Department နှင့် CB ၊ Myanmar Building Code နှင့် PEs ၊ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းမှ CBs in Myanmar Market Access ၊ Consumer Production on CBs Myanmar နှင့်ပတ်သက်၍ အကြောင်းအရာများကို သက်ဆိုင်ရာဌာနအသီးသီးမှ ကိုယ်စားလှယ်များမှ ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲ တွင် (Model Certification Body) တည်ထောင်ရေးအတွက် လိုအပ်သည့် consumer protection၊ regulatory requirements နှင့် market access ဆိုင်ရာ များနှင့်ပတ်သက်၍ တက်ရောက်လာသူ များက အုပ်စုလိုက်ဆွေးနွေးခြင်းများပြုလုပ်ခဲ့ပြီး နည်းပညာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ အရာထမ်းများ၊ နည်းပညာ ဆပ်ကော်မတီအဖွဲ့ဝင်များ၊ အသင်းအဖွဲ့များနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း (၇၀)ခန့် တက်ရောက်ခဲ့ကြပါသည်။
တတိယအကြိမ်မြောက် “Workshop on Conformity Assessment-Requirements for bodies certifying products, processes and services (ISO/IEC 17065:2012) for Myanmar” အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း