Gender Focal Point Network(GFPN) webinar ကို ISO Gender team မှ ကြီးမှူး၍ ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၇)ရက်နေ့တွင် ZOOM Link ဖြင့်ကျင်းပခဲ့ရာ အဆိုပါ Webinar သို့ သုတေသနနှင့် တီထွင် ဆန်းသစ်မှုဦးစီးဌာန၊ စံချိန်စံညွှန်းဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။ အဆိုပါ webinar တွင် ကျွမ်းကျင်ပညာရှင်များက စံချိန်စံညွှန်းများတွင် ကျား/မ သွယ်ဝိုက်သောနည်းဖြင့် ပါဝင်ပါတ်သက်ခြင်းအား နားလည်စေရန်အတွက်လည်းကောင်း၊ ကျား/မ မျှတသော ကိုယ်စားပြုခြင်းနှင့် ပါဝင်ခြင်းဆိုင်ရာများအားလည်းကောင်း၊ Gender responsive standards အပေါ် လမ်းညွှန်ချက်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ISO gender action plan နှင့် စပ်လျဉ်း၍လည်းကောင်း အသီးသီး ဆွေးနွေးပြောကြားခဲ့ကြပါသည်။ ထို့နောက် မလေးရှားနိုင်ငံ ကိုယ်စားလှယ်မှ DSM Gender Action Plan အားလည်းကောင်း၊ မြန်မာနိုင်ငံ ကိုယ်စားလှယ်မှ Gender Action Plan (GAP) 2023-2027 (Myanmar) နှင့် စပ်လျဉ်း၍လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ကြပါသည်။
Gender Focal Point Network(GFPN) webinar