တတိယအကြိမ် တရုတ်- အာဆီယံ စံချိန်စံညွှန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၂)ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လျှိုကျိုးမြို့၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါဖိုရမ်သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အာဆီယံ အတွင်းရေးမှူးချုပ် ရုံးနှင့် မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ ဖိုရမ်တွင် ထုတ်ကုန်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ အရည်အသွေးနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန် စံချိန်စံညွှန်းများ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် စံချိန်စံညွှန်းများနှင့် နည်းပညာဆိုင်ရာ စည်းမျဉ်းများမြှင့်တင်ခြင်းဖြစ်ကြောင်း၊ အော်ဂဲနစ်စိုက်ပျိုးရေး၊ စမတ်မြို့ပြ ဒေသများ၊ စမတ်ကျသော ကုန်ထုတ်မှု၊ နည်းပညာမြင့်စိုက်ပျိုးရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ သတင်းအချက်အလက် လုံခြုံရေး၊ ရာသီဥတု ပြောင်းလဲမှုတုံ့ပြန်မှု၊ ရေအရင်းအမြစ်စီမံခန့်ခွဲမှု၊ စွန့်ပစ်ပစ္စည်းများစသည့် အဓိကကျသော မဟာဗျူဟာနယ်ပယ်များတွင် အမျိုးသားစံနှုန်းများကို ဦးစားပေး တည်ဆောက်ရန်၊ အမျိုးသားအဆင့် စိမ်းလန်း ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးကူညီခြင်း အတွက် စိမ်းလန်းသော သစ်တောများ ဖွံ့ဖြိုးတိုးတက်ရေး မော်တော်ယဉ်ဆိုင်ရာ စံချိန်စံညွှန်း များ၊ စည်းမျဉ်းများ နှင့်စပ်လျဉ်း၍လည်းကောင်း၊ တရုတ်နိုင်ငံ၏ စွမ်းအင်-ချွေတာရေးနှင့် စွမ်းအင်သစ်ယာဉ်စံနစ် တည်ဆောက်ခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ ယဉ်ကျေးမှုအမွေ အနှစ်များ ကာကွယ်စောင့်ရှောက်ရေးနှင့်စပ်လျဉ်း၍လည်းကောင်း အသီးသီးတင်ပြကြပါသည်။
ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ SAC နှင့် မြန်မာနိုင်ငံ သုတေသနနှင့်တီထွင် ဆန်းသစ်မှုဦးစီးဌာနတို့အကြား နှစ်နိုင်ငံအပြန်လှန် ဆွေးနွေးပွဲ (Bilateral Meeting between SAC and DRI) တွင် တရုတ်နိုင်ငံ SAC ညွှန်ကြားရေးမှူးချုပ်မှ ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရေးနှင့် အာရှ-ပစိဖိတ်ဒေသတွင်း လူငယ်ပရော်ဖက် ရှင်နယ် လှုပ်ရှားမှုများအကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရေးသည် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အတွက် အရေးကြီးကြောင်း၊ နိုင်ငံတကာ စံချိန်စံညွှန်း သတ်မှတ်ရေး လုပ်ငန်းများတွင် ပါဝင်ရန် အာရှ ပစိဖိတ် ဒေသရှိ လူငယ် ကျွမ်းကျင်သူများ၏ စွမ်းရည်နှင့် အဆင့်ကို မြှင့်တင်ရန် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် နိုင်ငံတကာ စံချိန်စံညွှန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ဉာဏ်ပညာနှင့် ခွန်အားတို့ကို ပူးပေါင်း ပါဝင်ကူညီရန် လှုပ်ရှားမှုများတွင် ဆက်လက်ပါဝင်ရန် မြန်မာနိုင်ငံမှ ကျွမ်းကျင်ပညာရှင်လူငယ်ကို ကျွန်ုပ်တို့ စိတ်ရင်းမှန်ဖြင့် ဖိတ်ကြားအပ်ပါကြောင်း၊ မြန်မာနိုင်ငံ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ မဲခေါင်-လန်ချန်း ပရောဂျက် ၂၀၂၃ အရ “အမျိုးသားအဆင့် အရည်အသွေးဆိုင်ရာ အခြေခံ အဆောက်အအုံ ခိုင်မာအားကောင်းစေရေးနှင့် ထုတ်ကုန်များ၊ ထုတ်လုပ်မှုနည်းစဉ်များနှင့် ဝန်ဆောင် မှုလုပ်ငန်းများအတွက် အမျိုးသားအရည်အသွေး ထောက်ခံချက် ထုတ်ပေးရေးအဖွဲ့ အကောင်အထည်ဖော်ရေးစီမံကိန်း” အား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအထိ ရရှိခဲ့ပြီး ၂၀၂၄ တွင် ဖွင့်ပွဲအခမ်းအနား (Opening Ceremony) စတင်ရမှာဖြစ်သောကြောင့် တရုတ်နိုင်ငံမှ lead auditor ပေးပို့ရန်ကိစ္စအားလည်းကောင်း၊ work plan လည်း ရှိကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် MoU လက်မှတ်ထိုးခြင်းနှင့် စပ်လျဉ်း၍ ဆက်လက်ဆွေးနွေးခဲ့ရာ MoU လက်မှတ်ထိုးရန် ၂၀၁၉ ခုနှစ်က စတင်ခဲ့ကြောင်း၊ ကိုဗစ်၁၉ကြောင့် ကြန့်ကြာသွားကြောင်း၊ follow up လုပ်ချင်ကြောင်း၊ MoU ထိုးသည့်အတွက် သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဉီးစီးဌာနနှင့် SAC အကြား လွန်စွာအကျိုးရှိမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုအတွက် နည်းပညာ ဆိုင်ရာ အတားအဆီးများကြောင့် MoU ထိုးခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် တရုတ်ကုမ္ပဏီ များပြားစွာရှိသောကြောင့် တရုတ်စံချိန်စံညွှန်းများအား မြန်မာစံချိန်စံညွှန်းအဖြစ်သို့ adopt လုပ်ချင်ကြောင်း၊ glass factory များစွာရှိသောကြောင့် glass စံချိန်စံညွှန်းများ ရလိုပါကြောင်း၊ အထူးသဖြင့် စိုက်ပျိုးရေးထုတ်ကုန် win-win outcome အတွက် ISO/IEC, ASTM, Chinese စံချိန်စံညွှန်းများအား မြန်မာစံချိန်စံညွှန်းသို့ adopt လုပ်လိုကြောင်းများ ဆွေးနွေးခဲ့ပါသည်။ ထို့အပြင် ၂၀၂၂ ခုနှစ် ဇူလိုင်လက သတင်းအချက်အလက်ဖလှယ်ခြင်း နှင့်ပတ်သက်၍ DRI သည် latest standards သတင်းအချက်အလက်များနှင့်အတူပူးတွဲပါရှိသော website link ကို ပေးအပ်ခဲ့ပြီး SAC မှ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံဆိုင်ရာ ရပ်ဝန်းတစ်ခု၊ လမ်းတစ်လမ်း၏ ပူးပေါင်းဆောင်ရွက်မှုစာရွက်စာတမ်းများကို ပေးပို့ခဲ့ကြောင်း စသည်တို့အား ဆွေးနွေးခဲ့ပါသည်။ ထို့နောက် ဆွေးနွေးခဲ့သည်များနှင့် စပ်လျဉ်း၍ Institute of China တွင် သင်တန်းများ တက်ရောက်နိုင်ရေးကိစ္စအတွက် မေးပေးမည်ဖြစ်ကြောင်း၊ သတင်းအချက်အလက် များ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ စသည်ဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။
The Third China-ASEAN Standardization Cooperation Forum