“Advancing Child Safety in Button Battery Products with UL 4200A webinar” ကို UL Standard & Engagement Teamမှ ကြီးမှူး၍ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(၃၀)ရက်နေ့တွင် Online စနစ် ဖြင့်ကျင်းပခဲ့ရာ အဆိုပါ Webinar သို့ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ စံချိန်စံညွှန်းဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှအရာရှိများ၊ သက်ဆိုင်ရာနည်းပညာဆပ်ကော်မတီများဖြစ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ကိုယ်စားလှယ်များ စုစုပေါင်း (၅)ဦးတက်ရောက်ခဲ့ကြပါသည်။ အဆိုပါ webinar တွင် ကျွမ်းကျင်ပညာရှင်များက ကလေးငယ်များအနေဖြင့် Button Battery များကို စားသုံးမိခြင်းကြောင့် အသက်အန္တရာယ်ဖြစ်သည်အထိ ကြုံတွေ့နေရမှုများရှိသည့်အတွက် UL Standard & Engagement အနေဖြင့် UL 4200A Battery Products များနှင့်ပတ်သက်သော Standards များကို ရှင်းလင်းချက်များအားလည်းကောင်း၊ UL 4200A Battery Products များ၏ Standard for Safety အကြောင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ UL Standard & Engagement နှင့် UL 4200A Battery တို့၏ တိုးတက်လာမှုအခြေအနေများကိုလည်း ဆွေးနွေးတင်ပြခဲ့ပါသည်။
Advancing Child Safety in Button Battery Products with UL 4200A webinar