(၅၀)ကြိမ်မြောက် အာဆီယံစံချိန်စံညွှန်းနှင့် အရည်အသွေးဆိုင်ရာအတိုင်ပင်ခံကော်မတီ လက်အောက်ရှိ လုပ်ငန်းအဖွဲ့(၁) စံချိန်စံညွှန်းရေးဆွဲသတ်မှတ်ခြင်းဆိုင်ရာ အစည်းအဝေးကို ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၂၉)ရက်နေ့မှ (၃၀)ရက်နေ့အထိ အာဆီယံအတွင်းရေးမှူးမှကြီးမှူး၍ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးတွင် အာဆီယံနိုင်ငံများဖြစ်သော ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒို နီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် အာဆီယံဆွေးနွေးဖက် အဖွဲ့အစည်းများဖြစ်သည့် IEC၊ PTB (Germany)၊ METI (Japan) နှင့် EU ARISE PLUS တို့မှ တာဝန်ရှိသူများနှင့်အတူ ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံကိုယ်စားလှယ်အနေဖြင့် (WG1-ACCSQ) တာဝန်ခံဌာနဖြစ်သည့် အမျိုးသား စံချိန်စံညွှန်းနှင့် အရည်အသွေးဌာန၊ စံချိန်စံညွှန်းဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ တာဝန်ခံနှင့်အတူ သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးတွင်
- (၄၉)ကြိမ်မြောက်အစည်းအဝေးတွင် လုပ်ဆောင်ခဲ့သည့် အချက်အလက်များကို ပြန်လည် ဆွေးနွေးခြင်း
- အာဆီယံစံချိန်စံညွှန်းများတစ်ပြေးညီဖြစ်စေရန်အတွက် အာဆီယံစံချိန်စံညွှန်း လမ်းညွှန်ချက် အား update ပြုလုပ်ခြင်း
- electronic and electrical ဆိုင်ရာ update အခြေအနေကို ဆွေးနွေးခြင်း
- သစ်အခြေခံထုတ်ကုန်များအတွက် အာဆီယံတစ်ပြေးညီစံချိန်စံညွှန်းများဆိုင်ရာ update အခြေအနေကို ဆွေးနွေးခြင်း
- အဆောက်အဦနှင့် ဆောက်လုပ်ရေးကဏ္ဍဆိုင်ရာ update အခြေအနေကို ဆွေးနွေးခြင်း
- conformity assessment and greenhouse အာဆီယံတစ်ပြေးညီစံချိန်စံညွှန်းများဆိုင်ရာ update အခြေအနေကို ဆွေးနွေးခြင်း
- အာဆီယံတစ်ပြေးညီစံချိန်စံညွှန်းများအတွက် Database ကဏ္ဍအား ဆွေးနွေးခြင်း
- အာဆီယံတစ်ပြေးညီစံချိန်စံညွှန်းများဆိုင်ရာ စူးစမ်းလေ့လာထားသော နယ်ပယ်အသစ်များနှင့် စပ်လျဉ်း၍ နိုင်ငံတကာအီလက်ထရွန်နစ်ကော်မရှင် (IEC) နှင့် ဆွေးနွေးခြင်း
- Next Meetings အတွက် နေ့ရက်နှင့် နေရာအား ညှိနှိုင်း ဆွေးနွေးခြင်း အစီအစဉ်များကို ဆောင်ရွက်ခဲ့ကြပါသည်။
The 50 th Meeting of the ASEAN Consultative Committee for Standards and
Quality (ACCSQ) – Working Group on Standards (WG 1)
Video Conference Meeting(29-30 November 2023)