U.S.-ASEAN ဒစ်ဂျစ်တယ်စီးပွားရေးစံချိန်စံညွှန်းများနှင့် အရည်အသွေးကိုက်ညီမှုစစ်ဆေးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်နေ့တွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကြီးမှူး၍ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဆွေးနွေးပွဲတွင် WG 1 အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံကိုယ်စားလှယ်အနေဖြင့် (WG1-ACCSQ) တာဝန်ခံဌာနဖြစ်သည့် အမျိုးသား စံချိန်စံညွှန်းနှင့် အရည်အသွေးဌာန၊ စံချိန်စံညွှန်းဖွံ့ဖြိုးတိုးတက်ရေး ဌာနခွဲမှ တာဝန်ခံနှင့်အတူ သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် အမေရိကန်နိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ဂျပန်နိုင်ငံတို့မှ တာဝန်ရှိသူများမှ အသီးသီး ဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင်
- Artificial Intelligence Standardization ဆိုင်ရာများ၊ Risk Management ဆိုင်ရာများ၊ AI Conformity Assessment ဆိုင်ရာများ
- Cloud Service Providers များအတွက် ISO/IEC 27001 သတင်းအချက်အလက် လုံခြုံရေးစီမံခန့်ခွဲမှုစနစ်ဆိုင်ရာများ ခြုံငုံသုံးသပ်ခြင်း၊ သတင်းအချက်အလက် လုံခြုံရေး၊ ဆိုက်ဘာလုံခြုံရေးနှင့် ကိုယ်ရေးကိုယ်တာ ကာကွယ်ရေးဆိုင်ရာ ISO/IEC 27001 နှင့် ISO/IEC 27002 အကြောင်းများ
- Cloud ဝန်ဆောင်မှုများအတွက် သတင်းအချက်အလက် လုံခြုံရေးထိန်းချုပ်မှုများနှင့် Cloud ဝန်ဆောင်မှု များအတွက် အရည်အသွေးကိုက်ညီမှုစစ်ဆေးခြင်းဆိုင်ရာ ချဉ်းကပ်မှုများအား စသည့်အကြောင်းအရာ များအား ဆွေးနွေးခဲ့ကြပါသည်။
U.S.-ASEAN Digital Economy Standards and Conformity Assessment Virtual Workshop(18 January 2024)