(၆၁)ကြိမ်မြောက် အာဆီယံစံချိန်စံညွှန်းနှင့်အရည်အသွေးဆိုင်ရာအတိုင်ပင်ခံကော်မတီအစည်းအဝေးကို ၂၀၂၄ခုနှစ်၊ ဇွန်လ(၂၅-၂၇)ရက်နေ့အထိ အာဆီယံအတွင်းရေးမှူးမှကြီးမှူး၍ virtual mode စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးရုံးမှ အဖွဲ့ဝင်များ၊ ဆွေးနွေးဖက်အဖွဲ့အစည်းများဖြစ်သည့် Australia, ISO, US နှင့် UK တို့မှ ပါဝင်ဆွေးနွေး ခဲ့ကြပြီးအာဆီယံစံချိန်စံညွှန်းနှင့် အရည်အသွေးဆိုင်ရာ အတိုင်ပင်ခံကော်မတီ၏ မြန်မာနိုင်ငံကိုယ်စားလှယ်အနေဖြင့် သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနအောက်ရှိအမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာနမှ ညွှန်ကြားရေးမှူး (တာဝန်ခံ) နှင့်အတူသက်ဆိုင်ရာဌာနခွဲများမှ တာဝန်ရှိသူများ online မှတစ်ဆင့် အသီးသီးတက်ရောက် ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးအစီအစဉ်အရ
- (၆၀)ကြိမ်မြောက်အစည်းအဝေးမှ လုပ်ဆောင်မည့်အချက်များကိုဆွေးနွေးတင်ပြခြင်း
- အာဆီယံသဘောတူညီချက်မူဘောင်အရသက်ဆိုင်ရာကဏ္ဍများတွင် အပြန်အလှန်လက်ခံအသိအမှတ်ပြုလက်မှတ်ရေးထိုးပြီးစီးမှုအခြေအနေများ
- အာဆီယံတစ်ပြေးညီစံချိန်စံညွှန်းများရေးဆွဲချမှတ်ထားရှိမှုအခြေအနေများ
- နယ်ပယ်သစ်များတွင် တစ်ပြေးညီစံချိန်စံညွှန်းများချမှတိနိုင်ရေးဆွေးနွေးခြင်း
- အာဆီယံထုတ်ကုန်လုပ်ငန်းအဖွဲ့များမှ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ
- မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်အစီအစဉ်များဆွေးနွေးခြင်းများကိုပြုလုပ်ခဲ့ကြပါသည်။
61st ACCSQ Meeting (25-27 June, 2024)