ဆေးဘက်ဆိုင်ရာဓာတ်ခွဲခန်းများ နိုင်ငံတကာအသိအမှတ်ပြုစံချိန်စံညွှန်း ISO 15189 နှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေး အသိပညာပေးအစီအစဉ်အား (၂၈-၁-၂၀၂၅) ရက်နေ့တွင် သုတေသန နှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ စုဝေးခန်းမ၌ Hybrid mode (In person/online) ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းနှင့် မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း၊ ဥက္ကဌ၊ ဒေါက်တာအေးအေးစန်း တို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ISO 15189 ဆိုင်ရာနှင့် ပတ်သက်၍ စင်္ကာပူနိုင်ငံမှ ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲခန်းအဏုဇီဝ ဘေးကင်းလုံခြုံမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်ဖြစ်သူ ဦးတင်ထွန်း၊ ဝိတိုရိယဆေးရုံမှ ဓာတ်ခွဲခန်းတာဝန်ခံ ဖြစ်သူ ဒေါက်တာနီတာခိုင်၊ မြန်မာအသိအမှတ်ပြုအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ ဒေါ်လဲ့လဲ့ဝင်း နှင့် Future Lab Consultancy Service မှ ဓာတ်ခွဲခန်းများဆိုင်ရာ အရည်အသွေး နှင့် ဇီဝဘေးကင်းလုံခြုံမှု အကြံပေးဖြစ်သူ ဒေါ်စုလှိုင်တင့်တို့မှ အသိပညာဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါ အသိပညာပေးအစီအစဉ်သို့ အစိုးရနှင့်ပုဂ္ဂလိကဆေးရုံ/ဆေးခန်းများမှ ဘာသာရပ် သက်ဆိုင်သူစုစုပေါင်း (၁၆၀) ကျော်တက်ရောက်ခဲ့ကြပြီး (၇၀) ကျော်သည် In person ဖြင့် လည်းကောင်း၊ (၉၀) ကျော်သည် Online မှတစ်ဆင့်လည်းကောင်း ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ အဖွင့်အမှာစကားပြောကြားစဉ်
ISO 15189 ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲခန်းများ အသိပညာပေးအစီအစဉ်သို့ အစိုးရနှင့် ပုဂ္ဂလိကဆေးရုံ/ဆေးခန်းများမှ ဘာသာရပ်သက်ဆိုင်သူများ တက်ရောက်ခဲ့စဉ်
ISO 15189 ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲခန်းများ အသိပညာပေးအစီအစဉ်သို့ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များမှ ဆွေးနွေးစဉ်