လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေ(၂၀၂၃)စီမံကိန်းအရ Partner Institute ဖြစ်သော နိုင်ငံတော်အဆင့်စျေးကွက်ဆိုင်ရာစည်းမျဉ်းစည်းကမ်းများစီမံခန့်ခွဲရေးဌာန(The State Administration for Market Regulation – SAMR) ၏ Development Research Center မှ ဖိတ်ကြားချက်အရ အမျိုးသားအဆင့်အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံ ခိုင်မာအားကောင်းစေရေးနှင့် ကုန်ထုတ် လုပ်ငန်းများအတွက် အသိအမှတ်ပြုလက်မှတ်များထုတ်ပေးရေးဆိုင်ရာ လုပ်ငန်းခွင်လေ့လာရေး အစီအစဉ်အဖြစ် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၉)ရက်နေ့မှ (၂၆)ရက်နေ့အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နန်နင်းမြို့၊ ကွမ်ကျိုးမြို့နှင့် ရွှမ်တက်မြို့များသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အရည်အသွေးထောက်ခံမှုလုပ်ငန်းစဉ်ဆိုင်ရာ ဆောင်ရွက်မှုများအား လက်တွေ့လေ့လာနိုင်ရန်နှင့် မိမိတို့နိုင်ငံတွင်အရည်အသွေးကိုက်ညီမှုစစ်ဆေးရေးအဖွဲ့များ ထိရောက်စွာအကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံ၏ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ သင်တန်းသား ကိုယ်စားလှယ်(၁၃)ဦးနှင့် ကမ္ဘောဒီးယာနိုင်ငံ၊ လာအိုနိုင်ငံတို့မှ သင်တန်းသားကိုယ်စားလှယ်(၂)ဦး အပါအဝင် စုစုပေါင်း (၁၅)ဦးပါဝင်သောအဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အရည်အသွေး ကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာလုပ်ငန်းများ၊ စံချိန်စံညွှန်း သတ်မှတ်ခြင်း၊ အသိအမှတ်ပြုခြင်း၊ အဆင့်မြင့်နည်းပညာများဖြင့် ထုတ်ကုန်အရည်အသွေးစစ်ဆေးခြင်း၊ အရည်အသွေးထောက်ခံချက် ထုတ်ပေးခြင်း၊စမ်းသပ်စစ်ဆေးခြင်း၊ တိကျစွာတိုင်းတာခြင်းတို့အား လေ့လာရန် Guangxi Institute of Standards and Technology(GXIST)၊ Guangxi Institute of Product Quality Inspection(GXQT)၊ Guangdong Quality Testing Institute of Product Quality Supersion(GQI)၊ CVC Testing Technology Co..,Ltd (CVC)၊ Midea Group နှင့် Galanz Group လုပ်ငန်းခွင်များသို့ သွားရောက်၍ High voltage တွင်အသုံးပြုသော Electrical and Electronics ထုတ်ကုန်ပစ္စည်းများအား တိုင်းတာခြင်း၊ Electromagnetic Field အားတိုင်းတာခြင်း၊ သန့်ရှင်ရေးပြုလုပ်သော Sweeping robot ၏ ခံနိုင်ရည်စွမ်းရည်အား တိုင်းတာခြင်း၊ Skincare Electronic ထုတ်ကုန်များအားတိုင်းတာခြင်းဆိုင်ရာ Electrical Laboratory နှင့် Physical Laboratory များအားလေ့လာခြင်း၊ အစားအသောက်များ စစ်ဆေး ခြင်းဆိုင်ရာ Chemical Laboratory များအား လေ့လာခြင်း၊ AI နည်းပညာအသုံးပြု၍တီထွင်ထားသော Robot များနှင့် ၎င်းတို့အားအသုံးပြု၍ မိုက်ခရိုဝေ့မီးဖိုများထုတ်လုပ်ပုံများကို သွားရောက်လေ့လာခြင်း များ ပြုလုပ်ခဲ့ကြပါသည်။

လေ့လာရေးခရီစဉ်ဖွင့်ပွဲအခမ်းအနားတွင် SAMR, China မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကမ္ဘောဒီးယား၊မြန်မာနှင့်လာအိုနိုင်ငံဆိုင်ရာကောင်စစ်ဝန်ရုံးမှကောင်စစ်ဝန်များနှင့် သင်တန်းသားများ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း

SAMR ၏ Department of the Certification, Supervision and Management မှ Director General ဖြစ်သူ Mr. Yao Lei မှအဖွင့်အမှာစကားပြောကြားစဉ်

China- ASEAN Standardization Cooperation and Exchange Center သို့ သွားရောက်လေ့လာစဉ်

Guangdong Testing Institute of Product Quality Supervision (GQI) သို့ သွားရောက်လေ့လာစဉ် မှတ်တမ်းဓာတ်ပုံ

GQI တွင် Hight- voltage တွင်အသုံးပြုသော လျှပ်စစ်ဝါယာကြိုးများ၏ စွမ်းဆောင်ရည်အား စမ်းသပ်တိုင်းတာခြင်းကို သွားရောက်လေ့လာစဉ်

GQI တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အရည်အသွေးကိုက်ညီမှုစစ်ဆေးခြင်းလုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခြင်း

CVC ကုမ္ပဏီတွင် ISO/IEC 17021 အား သင်ကြားပို့ချစဉ်

CVC Company Ltd., တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ထုတ်ကုန်အရည်အသွေး ထောက်ခံချက် ထုတ်ပေးခြင်း၊ CCC Markနှင့် CVC Mark များ ထုတ်ပေးခြင်းလုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခြင်း

CVC ကုမ္ပဏီတွင် ISO/IEC 17020 quality system practice of inspection bodies အား သင်ကြားပို့ချစဉ်

လေ့လာရေးခရီးစဉ် ပြီးမြောက်ခြင်း Graduation Ceremony အခမ်းအနားတွင် SAMR မှ တာဝန်ရှိသူများနှင့် သင်တန်းသားများ၏ မှတ်တမ်းဓာတ်ပုံ