အာဆီယံနှင့် သြစတြေးလျ၊နယူးဇီလန်ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးဆိုင်ရာ သဘောတူညီ မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအရ AANZFTA Cosmetic အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၂ခုနှစ်၊ဖေဖေါ်ဝါရီလ(၁၇)ရက်နေ့တွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့ရာ အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲသို့ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ စံချိန်စံညွှန်းဖွံ့ဖြိုးတိုးတက်ရေး ဌာနခွဲမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး ကျွမ်းကျင်ပညာရှင်များမှ ISO TC/ 217နှင့် လုပ်ငန်းအဖွဲ့များ၏ လုပ်ငန်းအခြေအနေများ၊ အာဆီယံဈေးကွက်အတွင်း Cosmetic ထုတ်ကုန် များ၏ ကုန်သွယ်မှုအနေအထားများနှင့်အတူ အာဆီယံတစ်ပြေးညီစံချိန်စံညွှန်းများ ချမှတ် နိုင်ရန်အတွက် Cosmetic စံချိန်စံညွှန်းများ အဆိုပြုခြင်းကိစ္စရပ်များကိုပါ တက်ရောက်လာသူ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြ ပါသည်။
AANZFTA Cosmetic အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခြင်း