acc-800x450

အသိအမှတ်ပြုဌာနခွဲသည် မြန်မာအသိအမှတ်ပြုအဖွဲ့အနေဖြင့် မြန်မာနိုင်ငံတွင် အရည်အသွေးကိုက်ညီမှုစစ်ဆေးရေးအဖွဲ့များအား အသိအမှတ်ပြုရန် တာဝန်ပေးအပ်ထားသော တစ်ခုတည်းသော အသိအမှတ်ပြုအဖွဲ့ ဖြစ်ပါသည်။ မြန်မာအသိအမှတ်ပြုအဖွဲ့မှ အပြည်ပြည်ဆိုင်ရာအသိအမှတ်ပြုစံချိန်စံညွှန်းဖြစ်သော “ISO/IEC 17011: အသိအမှတ်ပြုအဖွဲ့များမှ အရည်အသွေးကိုက်ညီမှုစစ်ဆေးရေးအဖွဲ့များအား အသိအမှတ်ပြုခြင်းအတွက် လိုအပ်ချက်များ” ပေါ်တွင် အခြေခံ၍ ဆောင်ရွက်လျက် ရှိပါသည်။

အသိအမှတ်ပြုခြင်းဆိုသည်မှာ

အသိအမှတ်ပြုခြင်းဆိုသည်မှာ ဓါတ်ခွဲခန်းများ၊ အရည်အသွေး စုံစမ်းစစ်ဆေးရေးအဖွဲ့များနှင့် အရည်အသွေးထောက်ခံချက် ထုတ်ပေးသည့်အဖွဲ့များ ကဲ့သို့သော အရည်အသွေးကိုက်ညီမှု စစ်ဆေးရေးအဖွဲ့များ၏ စွမ်းဆောင်ရည်ပြည့်ဝကျွမ်းကျင်မှုကို အပြည်ပြည်ဆိုင်ရာစံချိန်စံညွန်းများနှင့် အညီ တတိယအဖွဲ့မှ တရားဝင် အသိအမှတ် ပြုခြင်း ဖြစ်ပါသည်။

အရည်အသွေးကိုက်ညီမှုစစ်ဆေးခြင်းဆိုသည်မှာ

အရည်အသွေးကိုက်ညီမှုစစ်ဆေးရေးအဖွဲ့များဆိုသည်မှာ အရည်အသွေးကိုက်ညီမှုစစ်ဆေးခြင်း ဝန်ဆောင်မှု များကို လုပ်ဆောင် နေသော စမ်းသပ်စစ်ဆေးခြင်းနှင့် စံဖြင့်တိုက်ကြည့်စစ်ဆေးခြင်း ဓာတ်ခွဲခန်းများ၊ အရည်အသွေးစုံစမ်းစစ်ဆေးရေးအဖွဲ့များနှင့် အရည်အသွေး ထောက်ခံချက်ထုတ်ပေးသည့်အဖွဲ့များကိုဆိုသည်။

အသိအမှတ်ပြုလွှာရရှိသောအရည်အသွေးကိုက်ညီမှုစစ်ဆေးရေးအဖွဲ့ဆိုသည်မှာ

အ‌ြေခခံလိုအပ်ချက်များ

အရည်အသွေးကိုက်ညီမှုစစ်ဆေးသောအဖွဲ့များသည် သက်ဆိုင်ရာစံချိန်စံညွှန်းလိုအပ်ချက်များနှင့် အခြားဆက်နွယ်သည့် လိုအပ်ချက်များပေါ်တွင် အခြေခံသော မြန်မာအသိအမှတ်ပြုအဖွဲ့မှ သတ်မှတ်ထားသည့် Accreditation Scheme နှင့်အညီ ဆောင်ရွက််ရာတွင် ၎င်းတို့၏စွမ်းဆောင်ရည် ပြည့်ဝကျွမ်းကျင်မှုရှိကြောင်း လက်တွေ့လုပ်ဆောင်နိုင်ခြင်း ဖြစ်ပါသည်။

ISO/IEC 17025: General Requirements for the Competence of Testing and Calibration Laboratories

ISO 15189: Medical Laboratory-Particular Requirements for Quality and Competence

ISO/IEC 17020: Conformity Assessment — Requirements for the Operation of Various Types of Bodies Performing Inspection

ISO/IEC 17021: General Requirements for Bodies Operating Management Certification Systems

ISO/IEC 17065: General Requirements for Bodies Operating Product Certification Systems

ISO/IEC 17024: Conformity Assessment –  General Requirements for Bodies Operating Certification of Persons

 


မြန်မာအသိအမှတ်ပြုအဖွဲ့သို့‌အသိအမှတ်ပြုလျှောက်လွှာလျှောက်ထားခြင်း

အသိအမှတ်ပြုလျှောက်လွှာ

သတင်းအချက်အလက်များ သိရှိလိုပါက အောက်ဖော်ပြပါ email သို့ ဆက်သွယ်နိုင်ပါသည်။ [email protected]


အသိအမှတ်ပြုခြင်းဆိုင်ရာအကျိုးကျေးဇူးများ

အရည်အသွေးကိုက်ညီမှုစစ်ဆေးရေးအဖွဲ့များအား အသိအမှတ်ပြုခြင်းသည် ကုန်သွယ်မှုတွင် ကြုံတွေ့ရသော နည်းပညာဆိုင်ရာ အတား အဆီးများလျော့ချခြင်းကို ပံ့ပိုးပေးခြင်းဖြင့် နယ်ခြားြဖတ်ကျော်သည့် ကုန်စည်များနှင့် ဝန်ဆောင်မှုများ လွတ်လပ်စွာစီးဆင်းမှုကို အဆင်ပြေချောမွေ့စေပါသည်။ ဆိုလိုသည်မှာ ကုန်ပစ္စည်း ထုတ်လုပ်သူ များသည် ၎င်းတို့၏ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို တကြိမ်စစ်ဆေးပြီးရုံဖြင့် ပြန်လည်စစ်ဆေးခြင်း၊ ပြန်လည်ထောက်ခံချက်လက်မှတ်ထုတ်ယူခြင်း သို့မဟုတ် ပြန်လည်စုံစမ်း စစ်ဆေးခြင်းများပြုလုပ်ရန် မလိုအပ်ဘဲ နိုင်ငံတကာ စျေးကွက်သို ့တင်ပို့နိုင်မည်ဖြစ်သည်။

အမျိုးသားအဆင့် ကုန်သွယ်မှုတွင်လည်း အသိအမှတ်ပြုခြင်းသည် အသိအမှတ်ပြုလွှာရရှိထားသော အရည်အသွေး ကိုက်ညီမှုစစ်ဆေးခြင်းသည် ယုံကြည်မှုတိုးမြှင့်စေသော ကိရိယာြဖစ်သဖြင့် ထုတ်ကုန်ပစ္စည်း များကို ယုံကြည် စိတ်ချရပြီး ငွေကြေး ကုန်ကျစရိတ်ကို လျော့ချစေ ပါသည်။

အဆိုပါအကျိုးကျေးဇူးများကြောင့် နိုင်ငံအသီးသီးရှိ အစိုးရများမှ အရည်အသွေးကိုက်ညီမှုစစ်ဆေးခြင်း ဆိုင်ရာလုပ်ဆောင်မှုများကို တိုးတက်လာစေရန်အလို့ငှာ အသိအမှတ်ပြုခြင်းကို အသုံးပြုလုပ်ဆောင်နေ ကြခြင်း ြဖစ်ပါသည်။ အသိအမှတ်ပြုခြင်းသည် နိုင်ငံတစ်နိုင်ငံတွင် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်း လုံခြုံ စိတ်ချမှုရှိစေရေးအတွက် များစွာအထောက်အပံ့့ပြုလျက်ရှိနေပါသည်။

မြန်မာအသိအမှတ်ပြုအဖွဲ့လုပ်ငန်းစီမံချက် ၂၀၂၀-၂၀၂၅

ပညာရေးဝန်ကြီးဌာနအောက်ရှိ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန အမျိုးသားစံချိန်စံညွှန်းနှင့် အရည်အသွေးဌာနရှိ အသိအမှတ်ဌာန(မြန်မာအသိအမှတ်ပြုအဖွဲ့)သည် မြန်မာနိုင်ငံရှိ အသိအမှတ်ပြု လုပ်ငန်းများအကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် အရည်အသွေးကိုက်ညီမှုစစ်ဆေးရေးအဖွဲ့များအား အမျိုးသားအသိအမှတ်ပြုအဖွဲ့အနေဖြင့် ဝန်ဆောင်မှုပေးခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် မြန်မာအသိအမှတ်ပြုအဖွဲ့၏ ရှေ့ဆက်လုပ်ငန်းစဉ်ဖြစ်သော ၂၀၂၀-၂၀၂၅ ခုနှစ် မဟာဗျူဟာရေးဆွဲ အကောင်အထည်ဖော်နိုင်ရန်အတွက် အသိအမှတ်ပြုလုပ်ငန်းစီမံချက် (၂၀၂၀-၂၀၂၅ခုနှစ်)ကို PTB(Germany)၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာအသိအမှတ်ပြုအဖွဲ့သည် အဆိုပါ အသိအမှတ်ပြုလုပ်ငန်းစီမံချက်ရေးဆွဲအကောင်အထည်ဖော် နိုင်ရေးအတွက် PTB(Germany) နည်းပညာအကြံပေးပုဂ္ဂိုလ် Mr.Graham Talbot ၏အကူအညီဖြင့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၈)ရက်နေ့တွင် “ MAB Accreditation Action Plan” အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဉီးစီးဌာနအောက်ရှိ အမျိုးသားစံချိန်စံညွှန်းနှင့် အရည်အသွေးဌာန၊ အမျိုးသားဓာတ်ခွဲခန်းနှင့် ဓာတ်ခွဲဌာန တို့မှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေး ခဲ့ကြပါသည်။

Overview

အသိအမှတ်ပြုဌာနခွဲ (မြန်မာအသိအမှတ်ပြုအဖွဲ့)၊ အမျိုးသားစံချိန်စံညွှန်းနှင့် အရည်အသွေးဌာန၊ သုတေသနနှင့်တီထွင် ဆန်းသစ်မှုဦးစီးဌာနသည် မြန်မာနိုင်ငံတွင် အရည်အသွေးကိုက်ညီမှုစစ်ဆေးရေးအဖွဲ့များအား အသိအမှတ်ပြုရန်အတွက် တာဝန်ရှိသောဌာနဖြစ်ပြီး အပြည်ပြည်ဆိုင်ရာမှသတ်မှတ်ထားသည့် အသိအမှတ်ပြုအဖွဲ့များလိုက်နာရန် လိုအပ်သော စံချိန်စံညွှန်း ISO/IEC 17011 နှင့်အညီ အသိအမှတ်ပြု လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။

အသိအမှတ်ပြုဌာနခွဲသည် အပြည်ပြည်ဆိုင်ရာအသိအမှတ်ပြုစံချိန်စံညွှန်းများ၊ လမ်းညွှန်ချက်များ နှင့်အညီအကောင်အထည်ဖော်ဆောင်နိုင်ရန် UNIDO ကွျမ်းကျင်ပညာရှင်၏အကူအညီဖြင့် လမ်းပြမြေပုံ ရေးဆွဲပြီး လုပ်ငန်းစဥ်အကောင်အထည်ဖော်ဆောင်မှုအဖြစ် UNIDO နှင့် PTB(Germany) တို့မှ အရည်အသွေးကိုက်ညီမှုစစ်ဆေးရေးဆိုင်ရာသင်တန်းများြဖစ်သော ISO/IEC17011, ISO/IEC17025, ISO/IEC17020, ISO/IEC 17065 နှင့် ဦးဆောင်အကဲဖြတ်စစ်ဆေးသူ(Lead Assessor) သင်တန်းများကို ပို့ချခဲ့ပါသည်။

အသိအမှတ်ပြုဌာနခွဲကို အပြည်ပြည်ဆိုင်ရာမှ အသိအမှတ်ပြုသည့်အဖွဲ့ဖြစ်လာစေရေးအတွက် အသိအမှတ်ပြုလုပ်ငန်းများကို ပူးတွဲအကဲဖြတ်စစ်ဆေးနိုင်ရန် မိတ်ဖက်အသိအမှတ်ပြုအဖွဲ့အဖြစ် ရွေးချယ် ထားသော Singapore Accreditation Council (SAC)နှင့် ၂၀၁၇ခုနှစ်၊ ဇွန်လ(၈)ရက်နေ့တွင် စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်သော  (၆)ကြိမ်မြောက် Joint Ministerial Working Committee တွင် နားလည်မှုစာချွန်လွှာရေးထိုးခဲ့ပါသည်။ အဆိုပါနားလည်မှုစာချွန်လွှာကို အကောင်အထည်ဖော်ဆောင်ရွက် သည့်အနေဖြင့် မြန်မာနိုင်ငံရှိ အရည်အသွေးကိုက်ညီမှုစစ်ဆေးသော အဖွဲ့များအား စင်ကာပူအသိအမှတ်ပြုကောင်စီသည် အသိအမှတ်ပြုဌာနခွဲနှင့် ပူးတွဲဆောင်ရွက်မည့် အသိအမှတ်ပြုလုပ်ငန်းများအား သိရှိနိုင်စေရန်အတွက်  Knowledge sharing session on Accreditation for Conformity Assessment Bodies in Myanmar အစည်းအဝေးပွဲကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ(၁၁)ရက်နေ့နှင့် ၂၀၁၈ခုနှစ်၊ ဇွန်လ(၁၂)ရက်နေ့တို့တွင်လည်းကောင်း၊ ISO/IEC17025, ISO 15189, ISO/IEC 17020 and Assessor  Training များကိုလည်းကောင်း၊ ကျင်းပပြုလုပ်ခဲ့ပြီးနောက် ရှေ့ဆက်အကောင်အထည်ဖော်ဆောင်ရွက်မည်‌့ လုပ်ငန်းစဥ်များကို အသိအမှတ်ပြုဌာနခွဲနှင့် ဆွေးနွေးခဲ့ကြပါသည်။

၂၀၁၈ ခုနှစ်၊ သြဂုတ်လတွင် စင်ကာပူအသိအမှတ်ပြုကောင်စီနှင့် မြန်မာအသိအမှတ်ပြုအဖွဲ့ တို့သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ အဏုဇီဝ ဓါတ်ခွဲခန်းအား ပူးတွဲအကဲဖြတ်စစ်ဆေးြခင်းကို စတင်ဆောင်ရွက်ခဲ့ကြပါသည်။ ထို့အပြင်  မြန်မာအသိအမှတ်ပြုအဖွဲ့တို့သည် စင်ကာပူအသိအမှတ်ပြုကောင်စီ၏ ဆေးဘက်ဆိုင်ရာ ဓါတ်ခွဲခန်း(၂)ခုအား အကဲဖြတ်စစ်ဆေးခြင်းကို ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် စင်ကာပူအသိအမှတ်ပြုကောင်စီနှင့် မြန်မာအသိအမှတ်ပြုအဖွဲ့တို့သည် နားလည်မှုစာချွန်လွှာပါ သဘောတူညီချက်များအရ ရှေ့ဆက်ဆောင်ရွက်မည့် အသိအမှတ်ပြု လုပ်ငန်းစဥ်များနှင့် စပ်လျဥ်း၍ ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

မျှော်မှန်းချက်

ကုန်သွယ်မှုအဆင်ပြေချောမွေ့စေရန်အလို့ငှာ စမ်းသပ်စစ်ဆေးခြင်းရလဒ်များ၊ စစ်ဆေးခြင်း အစီရင်ခံစာများ၊ ထောက်ခံချက်လက်မှတ်များအား အပြည်ပြည်ဆိုင်ရာမှလက်ခံစေရေး အထောက်အကူပြုရန်၊

ရည်မှန်းချက်

အသိအမှတ်ပြုဌာနခွဲ၏ ရည်မှန်းချက်မှာ အရည်အသွေးကိုက်ညီမှုစစ်ဆေးသောအဖွဲ့များ ဖြစ်သည့် စမ်းသပ်စစ်ဆေးခြင်းနှင့်စံဖြင့်တိုက်ကြည့်စစ်ဆေးခြင်းဆိုင်ရာဓါတ်ခွဲခန်းများ၊ အရည်အသွေးစုံစမ်း စစ်ဆေးသည့်အဖွဲ့များနှင့် အရည်အသွေးထောက်ခံချက်ထုတ်ပေးသောအဖွဲ့များ၏ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုကို အပြည်ပြည်ဆိုင်ရာအသိအမှတ်ပြုစံချိန်စံညွှန်းများနှင့်လုပ်ထုံးလုပ်နည်းများအရ တရားဝင်အသိအမှတ်ပြုမှုကို ထောက်ပံ့ပေးရန်၊

အသိအမှတ်ပြုဝန်ဆောင်မှု

မြန်မာအသိအမှတ်ပြုအဖွဲ့၏ ဓါတ်ခွဲခန်းအသိအမှတ်ပြုဌာနခွဲမှ စမ်းသပ်စစ်ဆေးခြင်းနှင့် စံဖြင့်တိုက်ကြည့်စစ်ဆေးခြင်းဆိုင်ရာအသိအမှတ်ပြုခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါဌာနခွဲမှ ဓါတ်ခွဲခန်းများအား ISO/IEC 17025 ဆိုင်ရာလိုအပ်ချက်များနှင့် အခြားဆက်နွယ်သည့် လိုအပ်ချက်များပေါ်တွင် အခြေခံ၍ အကဲဖြတ်စစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။

ဓါတ်ခွဲခန်းအသိအမှတ်ပြုဌာနခွဲသည် စမ်းသပ်စစ်ဆေးခြင်းနှင့် စံဖြင့်တိုက်ကြည့်စစ်ဆေးခြင်း ဆိုင်ရာအသိအမှတ်ပြုခြင်းကို

စမ်းသပ်စစ်ဆေးခြင်းနှင့် စံဖြင့်တိုက်ကြည့်စစ်ဆေးခြင်းနယ်ပယ် တစ်ခု၏သက်ဆိုင်ရာနည်းပညာ လိုအပ်ချက်များနှင့် ISO/IEC 17025 လိုအပ်ချက်များပေါ်တွင်အခြေခံ၍ အဆိုပါ ဓါတ်ခွဲခန်းများ၏ နည်းပညာဆိုင်ရာစွမ်းဆောင်ရည်ပြည့်ဝကျွမ်းကျင်မှုကို ဆုံးဖြတ်ပေးနိုင်ရန်အတွက် Accreditation Scheme ကို ချမှတ်ထားပါသည်။

အသိအမှတ်ပြုခြင်းအတွက် စုံစမ်းလိုပါက မြန်မာအသိအမှတ်ပြုအဖွဲ့၏ email- [email protected] သို့ ဆက်သွယ်နိုင်ပါသည်။

ISO/IEC 17025:2017 သင်တန်း

အကဲဖြတ်စစ်ဆေးသူသင်တန်း

E-Learning

Accredited Testing Laboratory

Certificate Number        TL 0007
Valid Until        13-9-2026
Name of Organization  OMIC Inspection & Surveying Co., Ltd, Myanmar
Scope Scope of Accreditation
Address No. 170-176, MGW Centre , 6th Floor, Room 602,
Bo Aung Kyaw Road, Botahtaung Township, Yangon, Myanmar,11161
Contact Person Ms. Soe Sandar Aung
Contact Phone Number +95 9 5007841
Email [email protected]

Certificate Number        TL 0006
Valid Until        11-9-2026
Name of Organization  Agricultural Products Analytical Laboratory (APAL)
Scope Scope of Accreditation
Address Seed Compound, West Gyogone, Insein Township, Yangon,  Myanmar, 11011
Contact Person Dr. Knin Moe Kyaw
Contact Phone Number +95 9 254022022
Email [email protected]

Certificate Number        TL 0005
Valid Until        8 June 2026
Name of Organization  SGS(Myanmar) Ltd.
Area Testing of food, feedstuffs, water, soil, and minerals products
Scope Scope of Accreditation
Address 79 D, Bo Chein Street, 6 1⁄2 Mile, Hlaing Township, Yangon 11051, Myanmar
Contact Person Ms. Moe Moe Min
Contact Phone Number +95 9 426262179
Email [email protected]

Certificate Number        TL 0004
Name of Organization  Food Industries Development Supporting Laboratory (FIDSL),

Myanmar Food Processors & Exporters Association (MFPEA),UMFCCI

Area Microbiology in Food
Scope Scope of Accreditation
Address No.29, Min Ye Kyaw Zwar Street, Yangon, Myanmar
Contact Person Mrs. San San Myint
Contact Phone Number +95 9264590029
Email [email protected]

Certificate Number        TL 0002
Name of Organization  REM-UAE Laboratory,

REM-UAE Laboratory and Consultant Co., Ltd

Area Environmental testing
Scope Scope of Accreditation
Address No. B702 Delta Plaza, Shwegonedaing Road, Bahan Township,Yangon, The Republic of the Union of Myanmar, 11201
Contact Person Ms. Toe Toe Hlaing
Mobile Number +95 9799855808
Email [email protected]

Certificate Number TL 0001
Date 14 June 2019
Name of Organization Food Microbiology Laboratory,
Depertment of Food and Drup Administration (Nay Pyi Taw)
Area Drinking Water/ Water, Microbiology in Food
Scope Scope of Accrediation
Address Pyi Gyi Zayar Road, Zeyar Theiddhi Quarter, Zabu Thiri Township,
Nay Pyi TAw, Myanmar
Contact Person Dr.Khin Nyein Aye
Website www.fdamyanmar.gov.mm
Contact Phone Number +95 9774444702
+95 67 3403028

Withdrawn

Building Research Laboratories (6 October 2023)

ဆက်သွယ်ရန်

အသိအမှတ်ပြုဌာန

အမှတ် ၆၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။
+95-1-653215
[email protected]

Accreditation asthe key to food safety throughout the entire food value chain

“How Accreditation Improves Food Safety” is the topic of this year’s World Accreditation Day which is celebrated on 9 June each year. This year, the importance of accreditation to ensure food safety and quality is being illustrated in detail.

Besides metrology and standardization, accreditation is an important pillar of the quality infrastructure of an economy. It confirms that accredited conformity assessment bodies such as calibration and testing laboratories, inspection and certification bodies for products, management systems and personnel have the technical competence and impartiality to verify the conformity of products and services with relevant national and international standards and regulations. Read More

2019 World Accreditation Day

World-Accreditation-Day-Event-Photo-1
World-Accreditation-Day-Event-Photo-2

World Accreditation Day is a global initiative, of the International Accreditation Forum (IAF) and the International Laboratory Accreditation Cooperation (ILAC), to promote global awareness of the importance of accreditation. Read More

မှတ်တမ်းဓာတ်ပုံများ

1-2
2-2

ISO/IEC 17025 Training with the support of UNIDO

3-6
4-5

High Ranking Official Awareness in September 2016 with the support of PTB (Germany)

4-1
5-1

1st and 2nd Lead Assessor Training in 2016 and 2017

ISO/IEC 17020 Training with the support of PTB (Germany)

7
8

သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနနှင့် Singapore Accreditation Council(SAC) တို့အကြား နားလည်မှုစာချွန်လွှာရေးထိုးသည့်အခမ်းအနားမှတ်တမ်းဓါတ်ပုံ Mock Assessment စစ်ဆေးနေစဥ်

1-5
2-6

33rd Meeting of the ASEAN Consultative Committee for Standards and Quality (ACCSQ) Working Group 2: Accreditation and Conformity Assessment (8 June 2017)

2018 World Accreditation Day အခမ်းအနားမှတ်တမ်းဓါတ်ပုံ

Knowledge Sharing Session တွင် SAC Director Ms. Cheng Kwei Feng မှ Powerpoint Presentation ဖြင့် ရှင်းလင်းပြောကြားနေစဥ်

အာဆီယံစံချိန်စံညွှန်းနှင့်အရည်အသွေး အတိုင်ပင်ခံကော်မတီ-လုပ်ငန်းအဖွဲ့၂ - (ACCSQ WG2)

မြန်မာအသိအမှတ်ပြုအဖွဲ့၊ အမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာနသည်  မြန်မာနိုင်ငံအတွက် အာဆီယံစံချိန်စံညွှန်းနှင့် အရည်အသွေးဆိုင်ရာအတိုင်ပင်ခံကော်မတီ၊ လုပ်ငန်းအဖွဲ့(၂)- အသိအမှတ်ပြုခြင်းနှင့် အရည်အသွေးကိုက်ညီမှုစစ်ဆေးခြင်း (ACCSQ WG2 – Accreditation and Conformity Assessment) ၏ တာဝန်ခံဆက်သွယ်ရာဌာနအဖြစ် ဆောင်ရွက်လျက် ရှိပါသည်။

အဆိုပါအဖွဲ့၏ (၃၃)ကြိမ်မြောက်  အစည်းအဝေးကို ၂၀၁၇ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့မှ (၁၅)ရက်နေ့အထိ မြန်မာနိုင်ငံ၊ နေပြည်တော်ရှိ M Gallery Hotel တွင် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပ ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ အင်ဒိုနီရှား၊ လာအို၊ မလေးရှား၊မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံအနေဖြင့် ဒုတိယအကြိမ်မြောက် အိမ်ရှင်နိုင်ငံအဖြစ်ကျင်းပခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် (၂၈)ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပါသည်။

© Copyright by Myanmar Standard. All right Standard. Designed by World Wide Myanmar