အာရှပစိဖိတ် Monthly Forumကို အာရှပစိဖိတ် ISO Coordinator မှကြီးမှူး၍ ၂၀၂၂ခုနှစ်၊ ဖေဖေါ်ဝါရီလ(၁၇)ရက်နေ့တွင် ZOOM Link ဖြင့်ကျင်းပခဲ့ရာ အဆိုပါ Webinar သို့ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ စံချိန်စံညွှန်းဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြသည့်အပြင် လျှပ်စစ်နှင့်အီလက်ထရောနစ် စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီနှင့် စိုက်ပျိုးရေးအခြေခံထုတ်ကုန် စံချိန်စံညွှန်းရေးဆွဲရေးနည်းပညာ ဆပ်ကော်မတီတို့မှ အဖွဲ့ဝင်(၁)ဦးစီ အသီးသီးတက်ရောက်ခဲ့ကြပြီး ISOမှ ကျွမ်းကျင် ပညာရှင်များက ISO president အသစ်မိတ်ဆက်ခြင်း၊ သုံးစွဲသူ(Customer)များနှင့် ပတ်သက်သော အကြောင်းအရာများအပါအဝင် အာရှပစိဖိတ် Webpage မှ ISO သို့ ဆက်သွယ်နိုင်ရန် ပြုလုပ်နိုင်မည့် အနေအထားများကိုပါ တက်ရောက်လာသူ ကိုယ်စားလှယ် များ ရှင်းလင်းစွာ သိမြင်နိုင်ရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။