အာရှပစိဖိတ် Monthly Forumကို အာရှပစိဖိတ် ISO Coordinator မှကြီးမှူး၍ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၃၁)ရက်နေ့တွင် virtual စနစ်ဖြင့် ကျင်းပခဲ့ရာ အဆိုပါ webinarသို့ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ စံချိန်စံညွှန်းဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် ခဲ့ကြသည့်အပြင် အထည်အလိပ်နှင့်အဝတ်အထည်ကဏ္ဍဆိုင်ရာ နည်းပညာဆပ်ကော်မတီနှင့် မှန်စံချိန် စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီမှ အဖွဲ့ဝင်(၂)ဦးစီ အသီးသီးတက်ရောက်ခဲ့ကြပြီး အာရှ ပစိဖိတ် ISO Coordinator မှ ISO 2030 Strategy Survey၊ ISO Climate Champions Network စာမျက်နှာအကြောင်းနှင့် ISO ကျွမ်းကျင်ပညာရှင်များမှ ၂၀၂၃ အာရှပစိဖိတ် လုပ်ဆောင်ချက် စီမံကိန်း၊ Gender Responsive Standards လမ်းညွှန်ချက်နှင့် ပတ်သက်၍ သတင်းအချက်အလက်များနှင့်အတူ ISO Action Plan(2021-2025) on Capacity Building Programme ကို တက်ရောက်လာသူများသို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုများ ပြုလုပ် ခဲ့ကြပါသည်။
Asia Pacific Monthly Forum (31 January, 2023)