အာရှပစိဖိတ် Monthly Forum ကို အာရှပစိဖိတ် ISO Coordinator မှကြီးမှူး၍ ၂၀၂၃ ခုနှစ်၊ ဧပြီလ(၁၉)ရက်နေ့တွင် ZOOM Link ဖြင့်ကျင်းပခဲ့ရာ အဆိုပါ Webinar သို့ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ စံချိန်စံညွှန်းဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ webinar တွင် ကျွမ်းကျင်ပညာရှင်များက ISO စားသုံးသူရေးရာ အစီအစဉ် updates များနှင့် SA/Australia ၏ အတွေ့အကြုံများအားလည်းကောင်း၊ စံချိန်စံညွှန်းသတ်မှတ်ရေးနှင့် လူငယ်ပရော်ဖက်ရှင်နယ် အစီအစဉ်အားလည်းကောင်း၊ ISO foresight မူဘောင် updates များနှင့် SSC/Singapore ၏ အတွေ့အကြုံများအား လည်းကောင်း၊ ISO စျေးကွက်ရှာဖွေရေးပရိုဂရမ် updates များအားလည်းကောင်း၊ အသီးသီး ဆွေးနွေးပြောကြားခဲ့ကြပါသည်။
Asia Pacific Monthly Forum (19 April 2023)