အာရှပစိဖိတ် Monthly Forum ကို အာရှပစိဖိတ် ISO Coordinator မှ ကြီးမှူး၍ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့တွင် ZOOM Link ဖြင့်ကျင်းပခဲ့ရာ သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာန၊ စံချိန်စံညွှန်းဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှတာဝန်ရှိသူများ၊ TC-4 စီမံခန့်ခွဲမှုစနစ် စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြပါသည်။ အဆိုပါ Forum တွင် ISO/CS project management office မှ ကျွမ်းကျင် ပညာရှင်က ISO Strategy 2030 အကောင်အထည်ဖော်ခြင်းနှင့် စပ်လျဉ်း၍ လည်းကောင်း၊ STAMEQ (Viet Nam) မှ ကျွမ်းကျင်ပညာရှင်က Pilot application TCVN ISO 18091:2020 အရည်အသွေးစီမံခန့်ခွဲမှုစနစ်များ – ဒေသန္တရအစိုးရတွင် ISO 9001 လျှောက်ထားမှု ဆိုင်ရာလမ်းညွှန်ချက်များအားလည်းကောင်း၊ Steve Lowes က ISO AP မှ အဆိုပြုထားသည့် 2024 လုပ်ငန်းအစီအစဉ်များအားလည်းကောင်း အသီးသီး ဆွေးနွေးပြောကြားခဲ့ပါသည်။
Asia Pacific Monthly Forum (31 January 2024)