အာရှပစိဖိတ် Monthly Forum ကို အာရှပစိဖိတ် ISO Coordinator မှ ကြီးမှူး၍ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၁) ရက်နေ့တွင် ZOOM Link ဖြင့်ကျင်းပခဲ့ရာ အဆိုပါ Forum သို့ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန၊ စံချိန်စံညွှန်းဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ တာဝန်ရှိသူများ၊ TC-1 လျှပ်စစ်နှင့်အီလက်ထရောနစ် ဆိုင်ရာစံချိန်စံညွှန်းရေးဆွဲရေးနည်းပညာဆပ်ကော်မတီ၊ TC-9 အဆောက်အဦ၊လမ်းတံတား၊ လေယာဉ် ကွင်းတည်ဆောက်ရေးနှင့်ဆောက်လုပ်ရေးပစ္စည်း စံချိန်စံညွှန်းရေးဆွဲရေးနည်းပညာဆပ်ကော်မတီ၊ TC-12 ဆက်သွယ်ရေး၊သတင်းအချက်အလက်နှင့်နည်းပညာဆိုင်ရာစံချိန်စံညွှန်းရေးဆွဲရေးနည်းပညာဆပ် ကော်မတီတို့မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ Forum တွင် ISO/CS project management office မှ ကျွမ်းကျင်ပညာရှင်က ISO/CS General updates နှင့်စပ်လျဉ်း၍ လည်းကောင်း၊ Bureau of Indian Standards(BIS) မှ ကျွမ်းကျင်ပညာရှင်က ISO/TC 332 Security equipment used for finicial institutions and commercial organizations ဆိုင်ရာများအားလည်းကောင်း၊ ISO/CS မှ ကျွမ်းကျင်ပညာရှင်များက Update on ISO Governance review, Annual Meeting 2024 update, Update on Open Consultation, ISO/UNDP 53002 Guidelines for contributing to the UN SDGs ဆိုင်ရာများအားလည်းကောင်း အသီးသီး ဆွေးနွေးပြောကြားခဲ့ကြပါသည်။
Asia Pacific Monthly Forum (21 August 2024) မှတ်တမ်းဓာတ်ပုံများ