အာရှပစိဖိတ် Monthly Forum ကို အာရှပစိဖိတ် ISO Coordinator မှကြီးမှူး၍ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် ZOOM Link ဖြင့်ကျင်းပခဲ့ရာ အဆိုပါ Webinar သို့ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ စံချိန်စံညွှန်းဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ တာဝန်ရှိသူများ၊ စွမ်းအင် ဆိုင်ရာစံချိန်စံညွှန်းရေးဆွဲရေးနည်းပညာဆပ်ကော်မတီ (TC-15) မှ တာဝန်ရှိသူများ၊ ပတ်ဝန်း ကျင်အရည်အသွေးစံချိန်စံညွှန်းရေးဆွဲရေးနည်းပညာဆပ်ကော်မတီ (TC-18) မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ webinar တွင် ကျွမ်းကျင်ပညာရှင်များက ISO/CS General updates များအားလည်းကောင်း၊ ၂၀၂၃ ခုနှစ်၊ ဆောင်ရွက်ချက်များမှ စိတ်ဝင်စားဖွယ်အကောင်းဆုံး အထူးအသားပေးချက်များအားလည်းကောင်း၊ Farewell address နှင့် စပ်လျဉ်း၍ လည်းကောင်း၊ ၂၀၂၄ ခုနှစ် လုပ်ငန်းစီမံချက်နှင့်စပ်လျဉ်း၍လည်းကောင်း အသီးသီး ဆွေးနွေး ပြောကြားခဲ့ကြပါသည်။


Asia Pacific Monthly Forum (14 December 2023)