အာရှပစိဖိတ် Monthly Forum ကို အာရှပစိဖိတ် ISO Coordinator မှ ကြီးမှူး၍ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့တွင် ZOOM Link ဖြင့်ကျင်းပခဲ့ရာ အဆိုပါ Forum သို့ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ စံချိန်စံညွှန်းဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ တာဝန်ရှိသူများ၊ TC-15 စွမ်းအင်ဆိုင်ရာစံချိန်စံညွှန်းရေးဆွဲရေးနည်းပညာဆပ်ကော်မတီနှင့် TC-16 သစ်အခြေခံထုတ်ကုန် စံချိန်စံညွှန်းရေးဆွဲရေးနည်းပညာဆပ်ကော်မတီမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ Forum တွင် ISO/CS regional coordinator မှ “ISO/CS updates” များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ Chair from ISO/TC 287 မှ “စိုက်ပျိုးရေးစနစ်များ data-driven အတွက် Reference architecture” အားလည်းကောင်း၊ “သစ်နှင့် သစ်အခြေခံထုတ်ကုန်များအတွက် ISO/TC 287 ရေရှည်တည်တံ့သောလုပ်ငန်းစဉ်များ” အားလည်းကောင်း၊ ISO/CS Manager မှ “စွမ်းအင်အရင်းအမြစ်များနှင့် စဉ်ဆက်မပြတ်ထုတ်လုပ်ခြင်းဆိုင်ရာ ISO Foresight အကျဉ်း ချုပ်” အားလည်းကောင်း၊ ISO Global Convenings & Events Team/ISO ဆက်သွယ်ရေးနှင့် စေ့စပ်ရေးအဖွဲ့တို့မှ “ISO Annual Meeting 2024 update/promotion” နှင့် စပ်လျဉ်း၍ လည်းကောင်း၊ အသီးသီး ဆွေးနွေး ပြောကြားခဲ့ကြပါသည်။



Asia Pacific Monthly Forum (12 June 2024) မှတ်တမ်းဓာတ်ပုံများ