အာရှပစိဖိတ် Regional Forum ကို အာရှပစိဖိတ် ISO Coordinator မှ ကြီးမှူး၍ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် ZOOM Link ဖြင့်ကျင်းပခဲ့ရာ အဆိုပါ Forum သို့ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ စံချိန်စံညွှန်းဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါသည်။ Forum တွင် ISO/CS project management office မှ ကျွမ်းကျင်ပညာရှင်က Strategy Cafe အတွက် ပြင်ဆင်ခြင်းအကြောင်းအားလည်းကောင်း၊ Head of International – Standards (Australia) မှ ကျွမ်းကျင်ပညာရှင်က “IWA 45 ရေရှည်တည်တံ့နိုင်သော အရေးကြီးသော ဓာတ်သတ္တုထောက်ပံ့ရေးကွင်းဆက်များ” နှင့် စပ်လျဉ်း၍လည်းကောင်း၊ ISO/CS Project Manager Education မှ ကျွမ်းကျင်ပညာရှင်က ” Education about Standardization(EaS)” နှင့် စပ်လျဉ်း၍လည်းကောင်း၊ ISO/TC 324 Committee Manager and ISO/CS and TC 324 Technical Programme Manager တို့မှ “ISO/TC 324 စီးပွားရေး မျှဝေခြင်း” တို့နှင့် စပ်လျဉ်း၍လည်းကောင်း၊ အသီးသီး ဆွေးနွေးပြောကြားခဲ့ကြပါသည်။



Asia Pacific Regional Forum (10 April 2024) မှတ်တမ်းဓာတ်ပုံများ