ASTM အဖွဲ့ဝင်နိုင်ငံနှင့် Stakeholder တို့ engagement ဆိုင်ရာ Online အစည်းအဝေး ကို ၂၀၂၃ခုနှစ်၊ ဇွန်လ(၁၅)ရက်နေ့တွင် webex Link ဖြင့်ကျင်းပခဲ့ရာ အဆိုပါ Online အစည်းအဝေးသို့ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ စံချိန်စံညွှန်းဖွံ့ဖြိုး တိုးတက်ရေးဌာနခွဲမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြ သည့်အပြင်အစားအသောက်စံချိန်စံညွှန်းရေးဆွဲရေးနည်းပညာဆပ်ကော်မတီ၊ အလှကုန်စံချိန်စံညွှန်း ရေးဆွဲရေးနည်းပညာဆပ်ကော်မတီ၊ ဆေးဝါးစံချိန်စံညွှန်းရေးဆွဲရေးနည်းပညာဆပ်ကော်မတီ၊ ဆေးနှင့် ဆေးပစ္စည်းစံချိန်စံညွှန်းရေးဆွဲရေးနည်းပညာဆပ်ကော်မတီ၊ အဆောက်အဉီ၊ လမ်းတံတား၊ လေယာဉ် ကွင်းတည်ဆောက်ရေးနှင့် ဆောက်လုပ်ရေးပစ္စည်းစံချိန်စံညွှန်းရေးဆွဲရေးနည်းပညာဆပ်ကော်မတီ၊ စွမ်းအင်ဆိုင်ရာစံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီ နှင့် သံနှင့်သံမဏိပစ္စည်းများဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေးနည်းပညာဆပ်ကော်မတီတို့မှ တာဝန်ရှိသူများ အသီးသီးတက်ရောက်ခဲ့ကြပြီး ASTM speakers များမှှ အဖွဲ့ဝင်အမျိုးအစားများနှင့်အကျိုးကျေးဇူးများ၊ အဖွဲ့ဝင်မြှင့်တင်ရေးဆိုင်ရာများ၊ Stakeholder engagement ဆိုင်ရာများ၊ ကော်မတီအရာရှိများ၏ အခန်းကဏ္ဍများ၊ project ဆိုင်ရာ စီမံခန့်ခွဲမှုများ၊ အစရှိသည်တို့အား အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါသည်။


ASTM International virtual meeting on Membership and Stakeholder Engagement