၂၀၂၂ခုနှစ်၊ ဇွန်လ(၁၇)ရက်နေ့တွင် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သော ASTM/Myanmar’s DRI Sharing on Certification webinar ကို ASEAN Regional Coordinator မှ ဦးဆောင်၍ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ အမျိုးသားစံချိန်စံညွှန်းနှင့် အရည်အသွေးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သက်ဆိုင်ရာ အစိုးရဌာနများနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ လူဦးရေ စုစုပေါင်း (၃၀)ခန့် တက်ရောက်ခဲ့ကြပြီး အဆိုပါ webinar တွင် ASTM ကျွမ်းကျင်ပညာရှင်မှ SEI တွင် လုပ်ဆောင်နေသည့် တာဝန်နှင့်ဝတ္တရားများ၊ ISO 17065 နှင့်အညီ ASTMတွင် အသုံးပြုသည့် ထောက်ခံချက် အမှတ်တံဆိပ်များနှင့်အတူ ASTM တွင် လုပ်ဆောင်နေသည့် safety equipment ထုတ်ကုန်များ၊လုပ်ငန်းစဉ်များနှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်သည့် certification လုပ်ဆောင်မှုအခြေအနေများကို တက်ရောက်လာသူများသို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။
ASTM/Myanmar’s DRI Sharing on Certification Webinar (17-6-2022)