၂၀၂၃ ခုနှစ်၊ မတ်လ(၂၉)ရက်နေ့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင် ဆန်းသစ်မှုဉီးစီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်တို့ ပူးပေါင်း၍ စံချိန်စံညွှန်းများအသုံးချနိုင်ရေး အသိပညာပေး ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်တွင် ကျင်းပခဲ့ပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ ဒုတိယဉက္ကဋ္ဌ ဒေါက်တာမျိုးသက်တို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး နည်းပညာဆပ်ကော်မတီများ၏ ကိုယ်စား စီမံခန့်ခွဲမှုစနစ်စံချိန်စံညွှန်းရေးဆွဲရေးနည်းပညာဆပ်ကော်မတီ၊ ဉက္ကဋ္ဌ ဒေါက်တာနီလာမြင့်ထူးမှ အမှာစကားပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲသို့ သက်ဆိုင်ရာဝန်ကြီးဌာန၊ ဉီးစီးဌာနများမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များတက်ရောက် ခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲတွင် စံချိန်စံညွှန်းများချမှတ်ခြင်း၊ နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ရရှိအောင် ဝန်ဆောင်မှုပေးခြင်း၊ Calibration ဝန်ဆောင်မှုပေးခြင်းတို့နှင့် စပ်လျဉ်း၍ လည်းကောင်း၊ လျှပ်စစ်နှင့် အီလက်ထရောနစ်ကဏ္ဍမှ ချမှတ်ထားသော မြန်မာစံချိန်စံညွှန်းများ အနက် 450/750 V ကေဘယ်လ်များ၏ စံချိန်စံညွှန်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ မော်တော်ယာဉ်ကဏ္ဍမှ ရေးဆွဲထားသော မြန်မာစံချိန်စံညွှန်းများအနက် MMS UNECE R 100 နှင့် MMS UNECE R 136 စံချိန်စံညွှန်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ စီမံခန့်ခွဲမှုကဏ္ဍမှ ရေးဆွဲထားသော မြန်မာစံချိန်စံညွှန်းများအနက် ISO 10015 နှင့် MMS ISO 10018 စံချိန်စံညွှန်း များနှင့် စပ်လျဉ်း၍လည်းကောင်း သက်ဆိုင်ရာများမှ အသီးသီး ဆွေးနွေးတင်ပြခဲ့ကြပါသည်။
Awareness seminar on the applicability of standards